ကြယ္လြန္လို႔ ေျမျမွဳပ္ထားတဲ့ အေလာင္းက ၾသဂုတ္လမွာ သူမေသေၾကာင္း အကူအညီေတာင္းေသာအခါ

ေဖေဖာ္၀ါရီလ ကတည္းက ကြယ္လြန္လို႔ ေျမျမွဳပ္ထားတဲ့ အေလာင္းက ၾသဂုတ္လမွာ သူမေသေၾကာင္း အကူအညီေတာင္းေသာအခါ

ကြ်န္ေတာ္ဆုိတဲ႔ေကာင္က ဟုိစပ္စပ္ ဒီစပ္စပ္ ေလွ်ာက္လုပ္တတ္တာမ်ားတယ္။ တစ္ခုတည္းကုိ ေဇာက္ခ်လုပ္တယ္ဆုိတာ ရွားတယ္ေပါ႔ဗ်ာ။

တကယ္ေတာ႔ အဲဒါဟာ မေကာင္းတဲ႔ အက်င္႔ပါ။

အခုလည္း ေပ႔ခ်္ေထာင္ျပီး စာေရးတာ ေရးတဲ႔စာေတြက ကဗ်ာျဖစ္လုိက္၊ သမုိင္းျဖစ္လုိက္၊ စိတ္ခြန္အားျဖည္႔ျဖစ္လုိက္၊

သည္းထိတ္ရင္ဖုိျဖစ္လုိက္၊ ဂမၻီရျဖစ္လုိက္နဲ႔ေပါ႔ဗ်ာ။ ေနာက္ရက္ေတြက စျပီး တစ္ခုခုကုိပဲ ေဇာက္ခ်ေရးဖုိ႔ ဆုံးျဖတ္လုိက္ပါျပီ။

စိတ္ခြန္အားျဖည္႔ဘာသာျပန္စာစုေတြ အပုဒ္(၄၀) ျပည္႔တဲ႔အထိ ေရးသြား၊ တင္သြားပါမယ္။

အဲဒါျပီးမွ သည္းထိတ္ရင္ဖုိကုိ ဆက္သြားပါမယ္။ ဒီေန႔ေတာ႔ ခြ်င္းခ်က္ေပါ႔ေနာ္ 😀 😀 😀

ေအာက္က သည္းထိရင္ဖုိ၀တၳဳတုိေလးကုိ အားေပးသြားႀကပါဦးခင္ဗ်ာ။

တစ္မ်က္ႏွာသည္းထိတ္ရင္ဖုိ၀တၳဳတုိ (၃)

ဆာရာ အုိဘန္ႏြန္

ေတာက်က်ျမိဳ႕ေလးတစ္ျမိဳ႕ရဲ႕ သခ်ိဳင္းကုန္းတစ္ခုမွာ ဟာရုိးဆုိတဲ႔ သုဘရာဇာတစ္ေယာက္ေနပါတယ္။

အဲဒီသခ်ိဳင္းကုန္းမွာ ျမွဳပ္ထားတဲ႔ အေခါင္းေတြအားလုံးမွာ အေပါက္ကေလးေတြ ပါတယ္။

အဲဒီအေပါက္ ေလးေတြကုိ ေျခာက္ေပရွည္တဲ႔ ေႀကးပုိက္ေလးတစ္ေခ်ာင္းရယ္၊ ျပီးေတာ႔ သခ်ိဳင္းကမၺည္းတုိင္မွာ တပ္ဆင္ထားတဲ႔

ေခါင္းေလာင္းရယ္နဲ႔ ဆက္သြယ္ထားပါတယ္။ တကယ္လုိ႔မ်ား တစ္စုံတစ္ေယာက္ဟာ ေသသြားျပီလုိ႔ အထင္ခံရျပီး

မွားယြင္းေျမျမွဳပ္ခံခဲ႔ရရင္ ေလအ၀င္အထြက္ရွိေအာင္ ရည္ရြယ္တည္ေဆာက္ထားတာပါ။

(ေခါင္းေလာင္းသံႀကားရင္ သုဘရာဇာမွာ ကယ္ထုတ္ဖုိ႔ တာ၀န္လည္း ရွိပါတယ္။)

တစ္ညမွာေတာ႔ ဟာရုိးဟာ အုတ္ဂူတစ္ခုခုကေန ေခါင္းေလာင္းသံကုိ ႀကားလုိက္ရတယ္။

ကေလးေတြမ်ား သရဲဟန္ေဆာင္ျပီး လာေဆာ႔ေနႀကသလားလုိ႔ သိခ်င္လုိ႔ ဟာရုိးဟာ ေခါင္းေလာင္းသံႀကားရာကုိ

လုိက္ရွာႀကည္႔ တယ္။ တခါတေလမွာေတာ႔ ေလတုိက္တာေႀကာင္႔လည္း ျဖစ္ႏုိင္ပါတယ္။

ဒါေပမယ္႔ ဒီတစ္ႀကိမ္မွာေတာ႔ ႏွစ္ခုစလုံးေႀကာင္႔ မဟုတ္ပါဘူး။ ေခါင္းေလာင္းသံႀကားေနရတဲ႔ အုတ္ဂူရဲ႕

ေအာက္ကေန ျပန္ေဖာ္ေပးဖုိ႔ ေတာင္းပန္ေလွ်ာက္လဲေနတဲ႔ အသံစစ္စစ္ျဖစ္ပါတယ္။

“ဆာရာ အုိဘန္ႏြန္လားခင္ဗ်ာ” လုိ႔ ဟာရုိးက ေမးလုိက္တယ္။

“ဟုတ္ပါတယ္”

အသံက သဲသဲကြဲကြဲမႀကားရေပမယ္႔ အခုိင္အမာျပန္ေျဖတဲ႔ပုံပါ။

“ခင္ဗ်ားဟာ ၁၈၂၇ခုႏွစ္၊ စက္တင္ဘာလ၊ ၁၇ရက္ေန႔မွာ ေမြးဖြားခဲ႔တာ ဟုတ္ပါသလား”

“မွန္ပါတယ္ရွင္”

“အုတ္ဂူမွာ ေရးထားတာကေတာ႔ ခင္ဗ်ားဟာ ၁၉၅၇ခုႏွစ္၊ ေဖေဖာ္၀ါရီလ၊ ၂၀ရက္ေန႔မွာ ကြယ္လြန္ ခဲ႔တယ္တဲ႔”

“မဟုတ္ပါဘူးရွင္၊ မဟုတ္ပါဘူး။ ကြ်န္မ အသက္ရွင္ေနတုန္းပါ။ တစ္ခုခု မွားယြင္းခဲ႔တာျဖစ္ပါလိမ္႔မယ္။

ေက်းဇူးျပဳျပီး အေခါင္းကုိ ျပန္ေဖာ္ေပးျပီး ကြ်န္မကုိ ကယ္တင္ေပးပါရွင္”

“အဲဒီလုိ မလုပ္ေပးႏုိင္လုိ႔ ေတာင္းပန္ပါတယ္အစ္မႀကီးခင္ဗ်ာ” လုိ႔ ဟာရုိးက ေျပာလုိက္ျပီး ေခါင္းေလာင္း ကုိ

အသံ ထပ္ထြက္မလာေအာင္ ထိန္းကုိင္ရင္း ေႀကးပုိက္အေပါက္၀ထဲကုိလည္း ဖုန္မႈန္႔၊ သဲမႈန္႔ေတြ ပက္ထည္႔ လုိက္တယ္။

“ ခင္ဗ်ားကို ျမဳတ္ခဲ့တာ ေဖေဖာ္၀ရီလက ျမဳတ္ခဲ့တာ.. အခုက ႀသဂုတ္လထဲေရာက္ေနျပီ။

အေခါင္းထဲက ခင္ဗ်ားဟာ ဘာႀကီးပဲ ျဖစ္ေနေန၊ အသက္ရွင္လ်က္ ရွိေနမွာမဟုတ္တာေတာ႔ အေသအခ်ာပဲ။

ခင္ဗ်ား အေပၚတက္လာလုိ႔ မရပါဘူးအစ္မႀကီးေရ”

ကဲ.. စာဖတ္သူမ်ား သေဘာပါၾကပါသလား… ေသခ်ာေလးျပန္ဖတ္ၾကည့္ရင္ သေဘာေပါက္ပါလိမ့္မယ့္.. ၾကက္သီးေတြလည္းထလာမွာေပါ့…

Scary & Horror stories မွ Sarah O’ Bannon ကုိ ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆုိပါတယ္။

Credit: ခုိင္မင္းဆက္

Unicode

ကျွန်တော်ဆိုတဲ့ကောင်က ဟိုစပ်စပ် ဒီစပ်စပ် လျှောက်လုပ်တတ်တာများတယ်။ တစ်ခုတည်းကို ဇောက်ချလုပ်တယ်ဆိုတာ ရှားတယ်ပေါ့ဗျာ။

တကယ်တော့ အဲဒါဟာ မကောင်းတဲ့ အကျင့်ပါ။

အခုလည်း ပေ့ချ်ထောင်ပြီး စာရေးတာ ရေးတဲ့စာတွေက ကဗျာဖြစ်လိုက်၊ သမိုင်းဖြစ်လိုက်၊ စိတ်ခွန်အားဖြည့်ဖြစ်လိုက်၊

သည်းထိတ်ရင်ဖိုဖြစ်လိုက်၊ ဂမ္ဘီရဖြစ်လိုက်နဲ့ပေါ့ဗျာ။ နောက်ရက်တွေက စပြီး တစ်ခုခုကိုပဲ ဇောက်ချရေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

စိတ်ခွန်အားဖြည့်ဘာသာပြန်စာစုတွေ အပုဒ်(၄၀) ပြည့်တဲ့အထိ ရေးသွား၊ တင်သွားပါမယ်။

အဲဒါပြီးမှ သည်းထိတ်ရင်ဖိုကို ဆက်သွားပါမယ်။ ဒီနေ့တော့ ချွင်းချက်ပေါ့နော် 😀 😀 😀

အောက်က သည်းထိရင်ဖိုဝတ္ထုတိုလေးကို အားပေးသွားကြပါဦးခင်ဗျာ။

တစ်မျက်နှာသည်းထိတ်ရင်ဖိုဝတ္ထုတို (၃)

ဆာရာ အိုဘန်နွန်

တောကျကျမြို့လေးတစ်မြို့ရဲ့ သချိုင်းကုန်းတစ်ခုမှာ ဟာရိုးဆိုတဲ့ သုဘရာဇာတစ်ယောက်နေပါတယ်။

အဲဒီသချိုင်းကုန်းမှာ မြှုပ်ထားတဲ့ အခေါင်းတွေအားလုံးမှာ အပေါက်ကလေးတွေ ပါတယ်။

အဲဒီအပေါက် လေးတွေကို ခြောက်ပေရှည်တဲ့ ကြေးပိုက်လေးတစ်ချောင်းရယ်၊ ပြီးတော့ သချိုင်းကမ္ဗည်းတိုင်မှာ တပ်ဆင်ထားတဲ့

ခေါင်းလောင်းရယ်နဲ့ ဆက်သွယ်ထားပါတယ်။ တကယ်လို့များ တစ်စုံတစ်ယောက်ဟာ သေသွားပြီလို့ အထင်ခံရပြီး

မှားယွင်းမြေမြှုပ်ခံခဲ့ရရင် လေအဝင်အထွက်ရှိအောင် ရည်ရွယ်တည်ဆောက်ထားတာပါ။

(ခေါင်းလောင်းသံကြားရင် သုဘရာဇာမှာ ကယ်ထုတ်ဖို့ တာဝန်လည်း ရှိပါတယ်။)

တစ်ညမှာတော့ ဟာရိုးဟာ အုတ်ဂူတစ်ခုခုကနေ ခေါင်းလောင်းသံကို ကြားလိုက်ရတယ်။

ကလေးတွေများ သရဲဟန်ဆောင်ပြီး လာဆော့နေကြသလားလို့ သိချင်လို့ ဟာရိုးဟာ ခေါင်းလောင်းသံကြားရာကို

လိုက်ရှာကြည့် တယ်။ တခါတလေမှာတော့ လေတိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ နှစ်ခုစလုံးကြောင့် မဟုတ်ပါဘူး။ ခေါင်းလောင်းသံကြားနေရတဲ့ အုတ်ဂူရဲ့

အောက်ကနေ ပြန်ဖော်ပေးဖို့ တောင်းပန်လျှောက်လဲနေတဲ့ အသံစစ်စစ်ဖြစ်ပါတယ်။

“ဆာရာ အိုဘန်နွန်လားခင်ဗျာ” လို့ ဟာရိုးက မေးလိုက်တယ်။

“ဟုတ်ပါတယ်”

အသံက သဲသဲကွဲကွဲမကြားရပေမယ့် အခိုင်အမာပြန်ဖြေတဲ့ပုံပါ။

“ခင်ဗျားဟာ ၁၈၂၇ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ရက်နေ့မှာ မွေးဖွားခဲ့တာ ဟုတ်ပါသလား”

“မှန်ပါတယ်ရှင်”

“အုတ်ဂူမှာ ရေးထားတာကတော့ ခင်ဗျားဟာ ၁၉၅၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ရက်နေ့မှာ ကွယ်လွန် ခဲ့တယ်တဲ့”

“မဟုတ်ပါဘူးရှင်၊ မဟုတ်ပါဘူး။ ကျွန်မ အသက်ရှင်နေတုန်းပါ။ တစ်ခုခု မှားယွင်းခဲ့တာဖြစ်ပါလိမ့်မယ်။

ကျေးဇူးပြုပြီး အခေါင်းကို ပြန်ဖော်ပေးပြီး ကျွန်မကို ကယ်တင်ပေးပါရှင်”

“အဲဒီလို မလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်အစ်မကြီးခင်ဗျာ” လို့ ဟာရိုးက ပြောလိုက်ပြီး ခေါင်းလောင်း ကို

အသံ ထပ်ထွက်မလာအောင် ထိန်းကိုင်ရင်း ကြေးပိုက်အပေါက်ဝထဲကိုလည်း ဖုန်မှုန့်၊ သဲမှုန့်တွေ ပက်ထည့် လိုက်တယ်။

“ ခင်ဗျားကို မြုတ်ခဲ့တာ ဖေဖော်ဝရီလက မြုတ်ခဲ့တာ.. အခုက သြဂုတ်လထဲရောက်နေပြီ။

အခေါင်းထဲက ခင်ဗျားဟာ ဘာကြီးပဲ ဖြစ်နေနေ၊ အသက်ရှင်လျက် ရှိနေမှာမဟုတ်တာတော့ အသေအချာပဲ။

ခင်ဗျား အပေါ်တက်လာလို့ မရပါဘူးအစ်မကြီးရေ”

ကဲ.. စာဖတ်သူများ သဘောပါကြပါသလား… သေချာလေးပြန်ဖတ်ကြည့်ရင် သဘောပေါက်ပါလိမ့်မယ့်.. ကြက်သီးတွေလည်းထလာမှာပေါ့…

Scary & Horror stories မှ Sarah O’ Bannon ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။

Credit: ခိုင်မင်းဆက်