တစ္ရြာလုံးကဆြမ္းႀကီးဝုိင္းေလာင္းလုိ႔ အမ်ိဳးသားတစ္ဦးေသဆုံးသြားရတဲ႔ လူမဆန္တဲ႔ျဖစ္ရပ္

လြိဳင္ေကာ္ ေဖေဖာ္ဝါရီ ၇

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၌ ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ ၃ရက္ေန႔ (၁၄၂၀)အခ်ိန္ခန္႔တြင္ လြိဳင္ေကာ္ျပည္သူ႔ႀကီး၌ ဒဏ္ရာရလူနာတစ္ဦးေဆးရုံတက္ေရာက္ကုသလွ်က္ရွိေၾကာင္း သတင္းရ႐ွိသျဖင့္ လြိဳင္ေကာ္ၿမိဳ႔မရဲစခန္းမွ တာဝန္မွဴး ဒုရဲအုပ္-ေအာင္ေက်ာ္တင့္မွ သြားေရာက္စစ္ေဆးခဲ႔ပါသည္။

ထုိသုိ႔သြားေရာက္စစ္ေဆးစဥ္ ေဆးရုံတက္ေနေသာ အသက္ခန္႔မွန္း ၂၅/၃၀ၾကား ဧရာဝတီတုိင္းေဒသႀကီးတြင္ေနထုိင္ေသာ (ဘ)ဦးျမင့္ေအာင္၏သားျဖစ္သူ ေမာင္ေအာင္ျမတ္ခ်ိဳ(သတိရတစ္ခ်က္ မရတစ္ခ်က္)ျဖစ္ေၾကာင္း ေမးျမန္းသိရွိခဲ႔ရပါသည္။၎လူနာ၏ လည္ပင္းပင္းတြင္ ညဳိမဲဒဏ္ရာတစ္ခ်က္ ႏွာေခါင္း/နားတုိ႔တြင္ေသြးထြက္ရာႏွင့္ရင္ဘက္တြင္ပြန္းပဲ႕ဒဏ္ရာတစ္ခ်က္တုိ႔ေတြ႔ရွိရသျဖင့္ ေဆးစာေရးသားေပးပုိ႔ေဆာင္ရြက္ခဲ႔ပါသည္။

ထုိ႔ေနာက္ ၎လူနာအားေဆးရုံသုိ႔လာေရာက္ပုိ႔ေဆာင္ေပးခဲ႔ေသာ ဦးသဲရယ္(ရာအိမ္မွဴး)အားေမးျမန္းခဲ႔ရာ ၃.၂.၂၀၁၈ရက္ေန႔ (၀၂၀၀)အခ်ိန္ ကယန္းၾကခူေက်းရြာ ဦးထြန္းရယ္၏ေနအိမ္၌ မဂၤလာေဆာင္ျပဳလုပ္မည့္အတြက္ လူငယ္မ်ား ထမင္း/ဟင္းခ်က္ျပဳတ္ေနၾကစဥ္ မဂၤလာေဆာင္မ႑ပ္အျပင္တြင္ရပ္ထားေသာ ဆုိင္ကယ္အား လူငယ္တစ္ဦးမွ ခုိးယူရန္ျပဳလုပ္ေနေၾကာင္း ထမင္းဟင္းခ်က္ေနေသာလူငယ္မ်ားမွေတြ႔ရွိေသာေၾကာင့္ လုိက္လံဖမ္းဆီးရာျပန္လည္ခုခံခဲ႔သျဖင့္ ၎လူငယ္မ်ားမွဝုိင္းဝန္းထုိးႀကိတ္လုံးေထြးဖမ္းဆီး၍ ႀကိဳးတုတ္ကာ ရာအိမ္မႈး ဦးသဲရယ္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမႈးထံဖုန္းျဖင့္ဆက္သြယ္အေၾကာင္းၾကားခဲ႔ပါသည္။

အုပ္ခ်ဳပ္ေရးမႈးမွ ဆုိင္ကယ္ခုိးယူရန္ႀကံစည္သူတြင္ အျပင္းအထန္နာက်င္ဒဏ္ရာမ်ား႐ွိခဲ႔သျဖင့္ ေဆးရုံသုိ႔ပုိ႔ရန္ေျပာၾကားေသာေၾကာင့္ အဆုိလူငယ္မ်ားအထဲမွ ေမာင္ဗ်ားရယ္ႏွင့္ ဗူးရယ္တုိ႔မွေဆးရုံသုိ႔ပုိ႔ေဆာင္ေပးခဲ႔ေၾကာင္း လူနာအားေစာင့္ၾကည့္ကာ ေဆးကုသေပးခဲ႔ေၾကာင္းစုံစမ္းသိရွိခဲ႔ရပါသည္။

သုိ႔ျဖစ္ပါ၍ ဆုိင္ကယ္ခုိးယူရန္ႀကံစည္အားထုတ္သူ ေမာင္ေအာင္ျမတ္ခ်ိဳအား အျပင္းအထန္(သတိရတစ္ခ်က္ မရတစ္ခ်က္)ဒဏ္ရာမ်ားရေအာင္ ဝုိင္းဝန္းထုိးႀကိတ္ခဲ႔ေသာ ရွားရယ္ (၂၃)ႏွစ္/ခါးရယ္ (၂၃)ႏွစ္/ကုိရယ္ (၂၈)ႏွစ္/ဆူးရယ္ (၁၉) ႏွစ္အပါအဝင္ ေပါင္းတရားခံ ၂၁ဦးအား လြိဳင္ေကာ္ျမိဳ႔မရဲစခန္း (ပ)၂၂/၂၀၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ – ၃၂၅/၃၄ျဖင့္ အမႈဖြင့္စစ္ေဆးအေရးယူေဆာင္ရြက္ခဲ႔ပါသည္။

ထုိသုိ႔ေဆာင္ရြက္ေနစဥ္ ၎လူနာသည္ ေဖေဖာ္ဝါရီလ ၃ရက္ေန႔ ညအခ်ိန္တြင္ ဝုိိင္းဝန္းထုိးႀကိတ္ေသာ ဒဏ္ရာမ်ားျဖင့္ လြိဳင္ေကာ္ေဆးရုံတြင္ေသဆုံးသြားပါေသာေၾကာင့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ – ၃၀၂/ ၃၄ျဖင့္ ေျပာင္းလဲအမႈဖြင့္အေရးယူေဆာင္ရြက္ခဲ႔ေၾကာင္းသိရွိရပါသည္။

သတင္း – #နိဳင္ငံေတာ္မွတ္ႀကီး(လြိဳင္ေကာ္)

Unicode

လွိုင်ကော် ဖေဖော်ဝါရီ ၇

ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့ (၁၄၂၀)အချိန်ခန့်တွင် လွိုင်ကော်ပြည်သူ့ကြီး၌ ဒဏ်ရာရလူနာတစ်ဦးဆေးရုံတက်ရောက်ကုသလျှက်ရှိကြောင်း သတင်းရရှိသဖြင့် လွိုင်ကော်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်-အောင်ကျော်တင့်မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးစဉ် ဆေးရုံတက်နေသော အသက်ခန့်မှန်း ၂၅/၃၀ကြား ဧရာဝတီတိုင်းဒေသကြီးတွင်နေထိုင်သော (ဘ)ဦးမြင့်အောင်၏သားဖြစ်သူ မောင်အောင်မြတ်ချို(သတိရတစ်ချက် မရတစ်ချက်)ဖြစ်ကြောင်း မေးမြန်းသိရှိခဲ့ရပါသည်။၎င်းလူနာ၏ လည်ပင်းပင်းတွင် ညိုမဲဒဏ်ရာတစ်ချက် နှာခေါင်း/နားတို့တွင်သွေးထွက်ရာနှင့်ရင်ဘက်တွင်ပွန်းပဲ့ဒဏ်ရာတစ်ချက်တို့တွေ့ရှိရသဖြင့် ဆေးစာရေးသားပေးပို့ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ၎င်းလူနာအားဆေးရုံသို့လာရောက်ပို့ဆောင်ပေးခဲ့သော ဦးသဲရယ်(ရာအိမ်မှူး)အားမေးမြန်းခဲ့ရာ ၃.၂.၂၀၁၈ရက်နေ့ (ဝ၂၀ဝ)အချိန် ကယန်းကြခူကျေးရွာ ဦးထွန်းရယ်၏နေအိမ်၌ မင်္ဂလာဆောင်ပြုလုပ်မည့်အတွက် လူငယ်များ ထမင်း/ဟင်းချက်ပြုတ်နေကြစဉ် မင်္ဂလာဆောင်မဏ္ဍပ်အပြင်တွင်ရပ်ထားသော ဆိုင်ကယ်အား လူငယ်တစ်ဦးမှ ခိုးယူရန်ပြုလုပ်နေကြောင်း ထမင်းဟင်းချက်နေသောလူငယ်များမှတွေ့ရှိသောကြောင့် လိုက်လံဖမ်းဆီးရာပြန်လည်ခုခံခဲ့သဖြင့် ၎င်းလူငယ်များမှဝိုင်းဝန်းထိုးကြိတ်လုံးထွေးဖမ်းဆီး၍ ကြိုးတုတ်ကာ ရာအိမ်မှုး ဦးသဲရယ်မှ ကျေးရွာအုပ်ချုပ်ရေးမှုးထံဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

အုပ်ချုပ်ရေးမှုးမှ ဆိုင်ကယ်ခိုးယူရန်ကြံစည်သူတွင် အပြင်းအထန်နာကျင်ဒဏ်ရာများရှိခဲ့သဖြင့် ဆေးရုံသို့ပို့ရန်ပြောကြားသောကြောင့် အဆိုလူငယ်များအထဲမှ မောင်ဗျားရယ်နှင့် ဗူးရယ်တို့မှဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း လူနာအားစောင့်ကြည့်ကာ ဆေးကုသပေးခဲ့ကြောင်းစုံစမ်းသိရှိခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ဆိုင်ကယ်ခိုးယူရန်ကြံစည်အားထုတ်သူ မောင်အောင်မြတ်ချိုအား အပြင်းအထန်(သတိရတစ်ချက် မရတစ်ချက်)ဒဏ်ရာများရအောင် ဝိုင်းဝန်းထိုးကြိတ်ခဲ့သော ရှားရယ် (၂၃)နှစ်/ခါးရယ် (၂၃)နှစ်/ကိုရယ် (၂၈)နှစ်/ဆူးရယ် (၁၉) နှစ်အပါအဝင် ပေါင်းတရားခံ ၂၁ဦးအား လွိုင်ကော်မြို့မရဲစခန်း (ပ)၂၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၂၅/၃၄ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် ၎င်းလူနာသည် ဖေဖော်ဝါရီလ ၃ရက်နေ့ ညအချိန်တွင် ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာများဖြင့် လွိုင်ကော်ဆေးရုံတွင်သေဆုံးသွားပါသောကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂/ ၃၄ဖြင့် ပြောင်းလဲအမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်း – #နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)