“Valentines’Day Editon”
၅ ။ ငါး လွှတ်​​ပေးပါ။
I draw you to me tonight”
#လင်းညို့တာရာ
Unicode
၂၀၁၈ ဖေဖော်ဝါရီလအတွက် တနင်္လာသားသမီးများ၏ တစ်လစာဟောစတမ်း (လင်းညို့တာရာ)
“Valentines’Day Editon”
ဟောစတမ်းလေးကို ဖတ်ရှုပြီးသည်နှင့် ကွန်မန့်တွင် မိမိဖတ်မိလိုက်သောအချိန်ကို မန့်ပါ။ ပြီးရင် ရှယ်ပေးပါ။ ထိုနေ့အတွက် ထို အချိန်ကာလရှိ ဂဏန်းကို လာဘ်ခေါ်သည့် ဂဏန်းအဖြစ် အသုံးချလိုက်ပါ။
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေး ကိစ္စများ အဆင်ပြေလာမည်။ ချေးဌားထားသော ငွေကြေးများ အကြွေးများ ပြန်ရမည်။ ငွေဝင်နေမည်။ ယခုလအတွင်း ငွေကြေးများ ချေးဌားခြင်းများ ခဏရှောင်လိုက်ပါ။ မိသားစုအတွင်း စီးပွားရေး လုပ်ငန်းများ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ အဝတ်အထည် ဝင်မည်။ ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာ ခရီးများ သွားရတတ်သည်။ စနေနံဝင်ပါက နိမိတ်ကောင်းပါသည်။ ယခုလအတွင်း ပညာရေးကိစ္စများ အဆင်ပြေလာမည်။ စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ဝင်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ အထက်လူကြီး ဆွေမျိုးအကြီး အကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေ အပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ လူကြီးသစ်၊ မိတ်ဆွေသစ်၊ နေရာသစ်၊ အလုပ်သစ် အထူး အကျိုးပြုပါလိမ့်မည်။ စကားပြောဆိုခြင်း၊ အမှားမရှိရန် အထူး ဆင်ခြင်သင့်သည်။ မွေးနေ့တွင် လူနာသတင်းမေးခြင်းရှောင်ပါ။ လူမျိုးခြား၊ တိုင်းရင်းသား အထူးအကျိုးပြုမည်။ နယ်စပ် နိုင်ငံခြား နှင့်ပတ်သက်သော အဆက်အသွယ်ကောင်းများရမည်။ အနီးအနားလမ်းပြင်၊ လမ်းဖို့လျှင် ဘုန်းကြီးဖိနပ်တစ်ရန်လှူပါ။ လက်ထိခိုက် မိတတ်သည်။ အထူးလျှပ်စစ်ပစ္စည်းဝင်မည်။ ရွှေ၊ ဆွေမျိုးကိစ္စ ကြားညှပ်တတ်သည်။ ဆွေမျိုးနှင့်အခေါ် အပြောပျက်မည်။ အတိုက်အခံများသော်လည်း အောင်မြင်မှုများရမည်။ မိသားစုနှင့် သဘောထားကွဲမည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသော ငွေနှင့် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဉာဏ်ကို ဉာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ် ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေဝယ်ထားပါ။ အိမ်ကြီးကြီး ကျယ်ကျယ် မဆောက်ပါနှင့်။ ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ ပျော်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ မနာလိုသူစကားကြောင့်အချစ်ရေး ရှုပ်ထွေးတတ်သည်။
အချစ်ရေး၌အနှောင့်အယှက်ကြုံလျှင် – အင်္ဂါညနေ၌ စွယ်တော်တစ်ရွက်ပေါ်တွင် သူ့နာမည်နှင့် ကိုယ့်နာမည်ရေးကာနတ်ရဲသစ်ပင်၌သွားလှူ၍လိုရာဆုတောင်းပါ။
နှစ်ဘက်မိဘ သဘောကျစေလိုပါက – အချို့သောသူများသည် မိဘများအနေဖြင့် သဘောမကျ၍ ပြသနာဖြစ်နေကြသည့် စိတ်ဆင်းရဲသောကရောက်နေကြသည့် ချစ်သူများအတွက် ယတြာပါ။ နှစ်ဘက်သော မိဘများကို တိုင်ကပ်နာရီတစ်လုံးစီ ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါ။ နောက်တစ်ခုကတော့ ဝသုနြေ္ဒနတ်မင်းကို တနင်္လာနေ့ နံက် (၉း၀၀) ထိုးကနေ စပြီး (၉) ရက်ဆက်တိုက် ဖယောင်းတိုင် (၉)တိုင် နှင့် အမွှေးတိုင်း (၉)တိုင် လှူပြီး နှစ်ဘက်မိဘ သဘောကျကြည်ဖြူအောင် ဆုတောင်းပေးလိုက်ပါ။
အိမ်ထောင်ရေး သာယာစေဖို့ – ကဲ ညားသွားပါပြီတဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက်လို့ သာယာမူ ကင်းပြီး စိတ်ညစ်စရာတွေ ထပ်ခါထပ်ခါ ကြုံနေရရင် အိမ်ထောင်ရေး သာယာဖို့ မနည်း ကျားကန် ထားရရင် ဘယ်လို လုပ်ရမှန်း မသိပဲ စိတ်ညစ်နေရင် အောက်ပါ ယတြာ ကို ပြုလုပ်ပါ မည်သည့် နေ့သားသမီး မဆို ပြုလုပ်လို့ ရပါတယ်။
၁ ။ လမ်းပေါ်မှာ ကျောက်ပြား ခင်းပေးပါ။
၂ ။ ချိုင့်တွေကို ကျောက်ခဲ ဖို့ပေးပါ။
၃ ။ ဂဝံကျောက်တွေ ခင်းပေးပါ။
၄ ။ ငှက်ကလေးတွေ အစာကျွေးပါ ၊ လွှတ်ပါ။
၅ ။ ငါး လွှတ်ပေးပါ။
၆ ။ ရေလှူ ပါ ၊ ရွှေကပ်ပါ ၊ ယပ်လှူ ပါ။
၇ ။ ယွန်းဗန်းထဲ ကျောက်ကျော ထည့်ပြီး လှူ ပါ။
၈ ။ ကျောက်တစ်လုံး ကို ရွှေချပြီး ခင်ပွန်း အိပ်တဲ့
ခေါင်းအုံး အောက်မှာ ထားပါ။
၉ ။ ရေကဇွန်းညွှန့် ဘုရား ကပ်လှူ ပါ။ အိမ်ထောင်ရေး မှာ ညှင်သာစွာ သာယာလာပြီး ကောင်းလာပါလိမ့်မယ်။
ကိုးနဝင်းဖြင့် ကံတက်စေသောနည်း – မိမိ၏ဘဝမျှော်လင့်ချက်မဲ့ကာ မျက်ဖြူဆိုက်၍ ဒုက္ခပေါင်းသောင်းခြောက်ထောင်ကြုံတွေ့တဲ့အခါတိုင်း ပြုလုပ်ရမည် ယတြာဖြစ်ပေသည်။ မပျင်းပါနဲ့ လုပ်ကြည့်ပါ။ အကျိုးထူးတွေရှိလာကြောင်း ကိုယ်တိုင်ကြုံတွေ့ရပေလိမ့်မည်။ တနလာၤသားသမီးများ – မနက် ၁၂နာရီ၁၅ မိနစ်တွင် သပြေ ထင်ရှုး သြဇာတို့ကို တနလာၤထောင့်တွင်လှူဒါန်းပါ။
အချစ်လက်မဲ့နဲ့ FA ဖြစ်သူများအတွက် ယတြာ – ပုဝါစိမ်းမြမြလေး ရှာပါ။ ကတ္တီပါသားဆိုပိုကောင်းပါတယ်။ အဲဒီ့ပုဝါလေးပေါ်မှာ မြားနတ်မောင်ပုံလေးကဒ်ပြားလေး တင်ပါ။ အဲဒီ့ပေါ်မှာ မိမိဓါတ်ပုံတင် ပြီးရင် ဖန်ခွက်ဝိုင်းဝိုင်းလေး လှလှလေးကို အဲဒီ့ပေါ်ကနေ ထပ်တင်။ ရေလေးဖြည့်ထား။ ဗုဒ္ဓဟူးဂြိုဟ်နတ်မင်းကို အာရုံပြုပါ။ သူ့ကိုကျေးဇူးတင်ကြောင်း အာရုံပြုပြီးပြောပါ။ ပြီးရင် ဖူးစာရှိသူနှင့် ကြုံလို ဆုံလိုရပါ၏ ဆုတောင်းရမှာပါ။ လုပ်ရမယ့်နေ့က သောကြာနေ့ ၊ အချိန်ကတော့ နံနက် ၆နာရီကနေ ရး၃၀ ကြားမှာလုပ်ပါ။ ချစ်သူ အိမ်ထောင်ရှိသူများ မလုပ်သင့်ပါ။
” မိမိကို တကယ်ချစ်တဲ့သူသာ မိမိအနားကပ် စေနိုင်တဲ့နည်း ” – လျှို့ဝှက်စွာလုပ်ရမယ့်မှော်နည်းလမ်းပါ … တစ်ခုတော့ ကြိုသတိပေးပါရစေ ။ ဒီနည်းကို လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ … ရှိနေတဲ့ချစ်သူတွေနဲ့ ကွဲကုန်တာတွေ့ရပါတယ် ။ ပထမတော့ သတိမထားမိတတ်ကြပါဘူး ။ နောက်မှသတိပြုမိတာက အဲဒီလူတွေဟာ တကယ်မချစ်ကြပဲ … သစ္စာမဲ့သူ၊ ဟန်ဆောင်သူတွေဖြစ်နေကြတဲ့အတွက် ဒီအစီအရင်က Auto ဖယ်ရှားလိုက်တာဖြစ်ပါတယ် … ဒီတော့ … လိုအပ်ရင်သုံးပါ ။ ခင်ဗျားတို့ချစ်သူတွေက တကယ့်အစစ်မဟုတ်လို့ ကွဲကုန်ရင် တာဝန်မယူဘူးနော် ။
((—- စီရင်ပုံ —- )) အနီရောင်စာရွက်ကို အသဲပုံညှပ်ပါ … အဲဒီအပေါ်မှာ အောက်ပါမန္တန်ကို ရေးပါ …
“As this heart shines in candlelight,
I draw you to me tonight”
ပြီးရင် ဖယောင်းတိုင် အဖြူတစ်တိုင်ကိုထွန်းပြီး မီးနဲ့အနီးဆုံးရောက်အောင် အသဲပုံလေးကို ကိုင်ထားပါ … အဲဒီအချိန်လေးမှာ အထက်ကမန္တန်ကိုပဲ အသံထွက်ပြီး ၃ ကြိမ်ရွတ်ပါ .. ပြီးရင် စာအိတ်တစ်လုံးထဲ ထည့် ၊ ဖယောင်းရည်သုံးပြီး ချိတ်ပိတ်သလို စာအိတ်ကိုပြန်ပိတ်ပါ … ပြီးရင် ခေါင်းအုံးအောက်ထားပြီး
” ဖူးစာအစစ်အမှန် … ငါ၏ထံ …” လို့ပြောပြီးအိပ်ပါ …
ဒီအစီရင်ကို လဆန်း တစ်ရက်နေ့လုပ်ပါ နောက်လဆန်းမှာ အသစ်ထပ်မံလဲပေးပါ … ညဘက်စီရင်ရမှာဖြစ်ပါတယ် … လရောင်ဝင်တဲ့အခန်းထဲမှာ လျှပ်စစ်မီးပိတ်ပြီး စီရင်သင့်ပါတယ် ။
ငွေဝင်စေရန်ယတြာမှာ ပထမဆုံး ဘယ်ဘက်လက်ဝါးပြင် အထက်နားလောက်မှာ ညာဘက် လက်ညှိုးနဲ့ ‘က’ (ကကြီး) ပုံရေးလိုက်ပါ။ ပြီးတာနဲ့ ညာဘက်လက်ဝါးပြင် အောက်နားလောက်မှာ ဘယ်ဘက်လက်ညှိုးနဲ့ ‘ယ'(ယပလပ်) ပုံရေးလိုက်ပါ။ သတိထားရမှာက လက်ဝါးနှစ်ဖက်ကို ပူးထပ်လိုက်ချိန်မှာ ‘ထ’ ပုံစံလေး ဖြစ်နေပါစေ။ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ စောစောက ရေးထားတဲ့ လက်ဝါးနှစ်ဖက်ကို ”ငွေဝင်စေ” လို့ ပြောပြီး
လက်ခုပ်တီးသလို ရိုက်ချလိုက်ရုံပါ။
ကျန်းမာရေးယတြာကတော့ ပေါင်မုန့် အကြီးအဝိုင်းတစ်ခုကို လေးစိပ်စိပ်ပါ။ လေးစိပ်ကို ပုံစံမပျက်ပဲ ပန်းကန်ပြားထဲထည့်ပါ။ ပြီးရင် စိပ်ထားသည့် အကြားထဲကို နို့ဆီဆမ်းပါ။ အဲဒီပန်းကန်ကို တနင်္လာနေ့ မနက် ၇ နာရီမှာ အိမ်ဘုရားမှာ လှူပေးပါ။ ခြေပြတ်နေသူ၊ မျက်မှန်တပ်ထားရသူ၊ တစ်ဦးဦးကို တွေ့ရင် စားစရာ တစ်ခုခုပေးပြီး ငါ (အမည်တစ်ခုခု) ကျန်းမာရေးမကောင်းတာ ပျောက်ကင်းသက်သာပါစေ လို့ စိတ်ထဲက ဆုတောင်းပေးပါ။ နောက်ပြီး ငါး ငှက် လွှတ်ပေးပါ။
ရပ်ဝေး၌ဒုက္ခတွေ့နေသူအဆင်ပြေစေရန် ဒုက္ခတွေ့နေသူ၏ မွေးနံအစားအစာတစ်ခုကို ဘုရား၌လှူပါ။ ထိုအစားအစာထည့်သော ခွက်အောက်၌မတ်စေ့တစ်စေ့ထည့်ထားရန်မမေ့ပါနှင့်။
ငွေမထွက်ချင်ရင် သစ်စေးသုတ် ထားတဲ့ ကလပ်ကလေး မှာ ငွေကိုးကျပ် ကို ခေါက်ပြီး ကော်နဲ့ ကပ်ထားပါ ။
အဲဒီ အပေါ်မှာ ရွှေပြားချထားတဲ့ ကြေးခေါင်းလောင်းလေးကို တင်ထားပါ။ မနက် စောစော တစ်ခေါက် ၊ ည အိပ်ခါနီး တစ်ခေါက် ငွေမြဲပါစေ လို့ ဆုတောင်းပြီး ခေါင်းလောင်းလေးကို ကိုးခေါက် တီးပါ။ အကြောင်းမရှိပဲ အလကား ငွေမထွက်တော့ပါဘူး။
အပြိုင်အဆိုင်ကင်းစေရန်ယတြာကတော့ ဓားတစ်ချောင်းပေါ်နေ့စဉ်ဖယောင်းတိုင် အနီတစ်တိုင်ထွန်းရင်း အတိုက်အခံ၊ အပြိုင်အဆိုင် ကင်းစေရန်ဆုတောင်းပါ။
အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ “မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ” လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။
#လင်းညို့တာရာ