အမေရိကန်လေကြောင်းလိုင်းမှ မြန်မာအမျိုးသမီး လေယာဉ်မှူး




 

 






Credit-Nyo Nyo Thein

Unicode

US ရဲ့​ကောင်​းကင်​ယံမှ မြန်​မာမိန်​းက​လေး​ လေယာဉ်​မှူးတစ်​​ယောက်​ ​မောင်​နှင်​ခွင်​့ရ​တော့မယ်​.

29.7.2017 Genbette Susan!ဘေးရန်ကင်းစွာနဲ့ Florida မှCalifonia ထိပျံသန်းလာနိုင်ဘို့ဂုဏ်ယူစွာစောင့်နေပါတယ်..နာရီ ၂၀ ကြာမှာမို့စိတ်တော့ပူမိပါတယ်..US ရဲ့ကောင်းကင်ပြင်မှာမြန်မာမိန်းခလေးလေယဉ်မှုးတယောက်မောင်းနှင်ခွင့်ရခဲ့ပြီမို့အထူးဝမ်းသာတယ်..တတ်နိုင်လို့အခွင့်အရေးရခဲ့ရင် လကမ္ဘာထိ သွားနိုင်ပြီး မြန်မာ့အလံကိုလည်းလွှင့်ထူခွင့်ရချင်ပါတယ်…

၁၉၈၉ ၉လပိုင်းတုန်းကအဖြစ်ကိုသတိယမိပါတယ်…ဂျပန်တက္ကသိုလ်တခုမှာ၂နှစ်သင်တန်းကို ၁နှစ်ထဲစာပေါင်းကျက်ဘွဲ့ရဘို့ပေါ့…အဲအချိန်နဲ့ကိုက်ပြီးChiba University မှာ Ph.D သင်တန်း (၁၄)ရက်တက်ပြီး ဝငခွင့်ဖြေဘို့စာကျက်ရ…မေမေကျန်းမာရေးကလည်းမကောင်းတဲ့ ပြန်စောင့်ရှောက်ရမလားမသိတော့ ပိုက်ဆံလေးရအောင်ညနေ ၅-၉:ဝ၀
M’c Donald ဆိုက်မှာpart time ကမဖျက်ဘဲဆင်း …

 

 

မနက် ၇:ဝ၀ ရထားစစီး စာမေးပွဲဖြေ ၁၁:၃၀ ဆိုChiba University သွား ၁၂:ဝ၀-၄:၃၀ စာသင်ပြီးအလုပ်သွားရတော့ ထမင်းစားချိန်တောင်မရှိ…အိမ်ကို၁၁:ဝ၀ရောက်ရင်ရေချိုးဘုရားရှစ်ခိုးပြီးစာမျက်မျက်နှာ ၁၃မျက်နှာပါစာတမ်းကိုဆက်ရေးလိုက်တာ…အမလတ်က နင့်မျက်နှာမှန်ကြည့်မိရဲ့လားတဲ့

(တကယ်တော့မှန်မကြည့်ခဲ့မိပါ)

မျောက်ခေါင်းရုပ်ဖြစ်နေပြီတဲ့လေ…ဒါပေမဲ့ဘဝရဲ့လိုအပ်တဲ့အရာတွေကို လျော့လို့မရဘူးလေ… အားလုံးကိုအောင်မြင်စွာဆောင်ရွက်ပြီး မေမေ့ကိုခဏတွေ့ဘို့ပြန်လာတယ်…
အဲဒီအချိန်မှာ ကားလက်ဆောင်တစီးပေးနိုင်ခဲ့တယ်..ကျမ တက္ကသိုလ်မှာ တကျောင်းလုံး ပထမ နဲ့အောင်ခဲ့တယ်…Ph.D(Biochemistry ) ကိုScholar အပြည့်နဲ့တက်ခွင့်ရခဲ့
တယ်… လူ့ဘဝမှာ ထိပ်ဆုံးရောက်ဘို့ကြိုးစားရမှာပါ..

ကိုယ့်လူမျိုးအချင်းချင်းနဲ့ဘယ်သူကို မှမပြိုင်ပါဘူး…ကျမပြိုင်မဲ့လူက ကမ္ဘာအလယ်မှာမြန်မာကိုနေရာမပေးချင်တဲ့သူတွေအတွက်…မြန်မာဆိုတာ

ဘယ်လိုစိတ်ထားရှိတယ်..တော်တယ်ဆိုတာသိစေချင်တာပါဘဲ…..

Credit-Nyo Nyo Thein