



ကျို က်နဲရေလယ်ဘုရားကြီး ရဲ့  ထူးခြားအံ့ဖွယ်ကောင်းတာကတော့ ပင်လယ်ထဲ၌ ဘုရားရောက်စေအထိ သူ့ သဘာဝ အလိုလို ပေါ်ထွက်လာတဲ့ကျောက်ချောခင်းထားတဲ့








-11 – 2017

Crd#အရှင်ဇောတိက

 

========================

နတ်တွေခင်းထားတဲ့ နတ်လမ်းရှိတဲ့ ထူးဆန်းအံ့ဩဖွယ်
ရေလယ်ဘုရား

ဗုဒ္ဓဘာသာ ထွန်းကာတဲ့ မြန်မာပြည်မှာ ထူးခြားအံ့ဖွယ်ကောင်းတဲ့စေတီပုထိုးတွေ အမျ ားကြီး ရှိတဲ့ အထဲမှာ ယနေ ့မွန်ပြည်နယ်သံဖြူ ဇရပ်မြို ့ နယ် ဝဲကလောင်းရွာအနီးက ကျိ ု က်နဲရေလယ်ဘုရားကို ကံကောင်းစွာ ဖြင့် ဒကာဒကာမတွေ ပို ့ပေးလို ့ဖူးခွင့်ရခဲ့ပါပြီ။

ဒီကျိ ု က်နဲ ရေလယ်ဘုရားဟာ ဆိုလို ့ရှိရင် ရေလယ်ဘုရားတွေအထဲမှာ တော်တော်ကြီး ဝေးတဲ့ ပင်လယ် အနက်ထဲမှာ တည်ထားတဲ့ဘုရားလို ့ပြောရမှာ။

ကျိ ု က်နဲရေလယ်ဘုရားကြီး ရဲဲ ့ ထူးခြားအံ့ဖွယ်ကောင်းတာကတော့ ပင်လယ်ထဲ၌ ဘုရားရောက်စေအထိ သူ ့သဘာဝ အလိုလို ပေါ်ထွက်လာတဲ့ကျောက်ချောခင်းထားတဲ့နတ်လမ်းကြီးပဲဖြစ်ပါတယ်။

ဒီနတ်လမ်းကြီးဟာ လူတွေလုပ်ထားတယ်ထင်ရလောက်အောင် ကောင်းမွန်ပြီး တစ်နှစ်မှာ တစ်ကြိမ် တစ်ကြိမ်မှာာ တစ်မနက်သာ ပွဲတော်ရှိခိုက် သူ ့အလို လို ပေါ် ထွက်လာတာပါပဲ။

နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း လပြည့်ကျေ ာ် ၂ ရက်ည ၃ရက်နေ ့မနက်ပိုင်း တစ်ကြိမ်သာ ဒီ ကျေ ာက်ချေ ာခင်းထားတဲ့ နတ်လမ်းမကြီး ပေါ်ထွက်ပြီး အခြားနေ ့တွေမှာ ဒီလမ်းမကြီး ပင်လယ်ရေတွေဖုံးပြီး ပျေ ာက်ကွယ်နေပါတယ်။

နတ်လမ်း ကြီးရဲ့ အရှည်ကတော့ဘုရားရောက်စေအထိ ၁ မိုင်နဲ့ ၆ ဖာလုံ ရှိပါတယ်။

ဦးဇင်းတို ့ ဘုရားကို သွားတော့ အသွားတုန်းက ပင်လယ်ရေကကျ တုန်း ကျ ဆဲဖြစ်တာရယ် ရေစီး ကြမ်းတာရယ် ကြောင့် ခက်ခက်ခဲခဲကူးပြီး သွားခဲ့ ရပေမယ့် ဘုရားက ပြန်တော့ အလာတုန်း ရင်ဘတ်လောက် ခါးလောက် ကူးခဲ့ ရတဲ့ နတ်လမ်းမကြီး ခမ်းခြောက်နေပြီးကျေ ာက်သားလမ်းအတိ ဖြစ်နေတာတွေ့ ရပါတယ်။

ဒီလို ့ ထူးခြား အံ့ဖွယ်ကောင်းတဲ့ ကျိ ု က်နဲ ရေလယ် ဘုရားကိုဖူးးခွင့်ရ လို ့ ဝမ်းသာကြည်နူးမိပါတယ် ။

နတ်လမ်းစပေါ်ချိန် မှာ

နံနက် ၅နာရီ ၅နာရီခွဲ မှစတင်ကာ နံနက်ပိုင်း ၁၀ နာရီ ၁၀နာရီဝန်းကျ င်အထိသာဖြစ်ပါတယ်။ နတ်လမ်း အစ အဆုံးရေပေါ်ပေမဲ့ကြာမြင့်ချိ န်က ၂နာရီ ဝန်းကျ င်ခန် ့သာကြာပါတယ်။ လိုက်ပို ့ပေးသော ဒကာဒကာမ မျ ားကို အထူးပဲကျေ းဇူးတင်ပါသည်။

-11 – 2017

Crd#အရှင်ဇောတိက