ကမၻာ့ပထမဆုံး လူႏွင့္သိုးမ်ဳိးစပ္သေႏၶသားေလာင္းကို ဓာတ္ခြဲခန္းတြင္ ေအာင္ျမင္စြာျပဳလုပ္ႏိုင္ျပီ

လူသား၏ဆဲလ္မ်ားပါ၀င္ေသာ သိုးသေႏၶသားေလာင္းကို ျပီးခဲ့သည့္စေနေန႔က ေအာင္ျမင္စြာဖန္တီးျပဳလုပ္ႏိုင္ခဲ့ေၾကာင္း သိပၸံပညာရွင္မ်ားကေၾကညာလိုက္သည္။

“လူသားရဲ႔ ဆဲလ္ပါ၀င္မႈ အခ်ဳိးအစားက အင္မတန္နည္းပါတယ္။ ဒါေၾကာင့္ လူမ်က္ႏွာနဲ႔သိုးလိုမ်ဳိး၊ လူလိုဦးေႏွာက္နဲ႔ သိုးလိုမ်ဳိးေတာ့ ျဖစ္မလာႏိုင္ေသးပါဘူး။ ဒါေပမယ့္ လူနဲ႔သိုးမ်ဳိးစပ္ဆိုတာကိုေတာ့ေျပာႏိုင္ပါတယ္”ဟု စတင္းဖို႔တကၠသိုလ္မွ ပင္မဆဲလ္ဆိုင္ရာ ဇီ၀ေဗဒပညာရွင္ ေဒါက္တာ ဟီရို နာကာအူခ်ီကေျပာပါသည္။

ကယ္လီဖိုးနီးယားျပည္နယ္ရွိ စတင္းဖို႔ တကၠသိုလ္မွ သိပၸံပညာရွင္ အဖြဲ႔တစ္ဖြဲ႔က လူ႔ေသြးသားကလာပ္စည္း ႏွင့္ သိုးသတၱ၀ါ၏ေသြးသားကလာပ္စည္း ၁ အခ်ဳိး ၁၀၀၀၀ မွ်ရွိေသာ သေႏၶသားေလာင္းကို ဓာတ္ခြဲခန္းထဲတြင္ ဖန္တီးခဲ့ျပီး သိုးမတစ္ေကာင္၏ သားအိမ္တြင္းထည့္ကာ သက္ရွင္ေမြးဖြားလာေအာင္ ဖန္တီးႏိုင္ခဲ့ျခင္းျဖစ္သည္။ ယင္းကို သိုးႏွင့္လူ မ်ဳိးစပ္ သေႏၶသားဟု ေခၚႏိုင္သည္။

Scientists have grown hopeful over new DNA testing

ယခုေသာ္ ယင္းသိပၸံပညာရွင္အဖြဲ႔သည္ လူသားတို႔၏ ပင္မဆဲလ္မ်ားကို သိုးသေႏၶသားေလာင္းအတြင္းသို႔ထည့္ျခင္းျဖင့္ မ်ဳိးရိုးဗီဇဆိုင္ရာျပဳျပင္ေျပာင္းလဲျခင္းကိုျပဳလုပ္ကာ လူသားတို႔၏ ကိုယ္တြင္းအဂၤါမ်ားတြင္ျဖစ္ပြားသည့္ ေရာဂါမ်ားကို အစားထိုးကုသႏိုင္ရန္ စီစဥ္ေနလွ်က္ရွိေၾကာင္းသိရသည္။

PN002

ref: First Sheep-Human Hybrid developed in the lab

# အင္းဝမီဒီယာ

{Unicode Version}

ကမ္ဘာ့ပထမဆုံး လူနှင့်သိုးမျိုးစပ်သန္ဓေသားလောင်းကို ဓာတ်ခွဲခန်းတွင် အောင်မြင်စွာပြုလုပ်နိုင်ပြီ

လူသား၏ဆဲလ်များပါဝင်သော သိုးသန္ဓေသားလောင်းကို ပြီးခဲ့သည့်စနေနေ့က အောင်မြင်စွာဖန်တီးပြုလုပ်နိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များကကြေညာလိုက်သည်။

“လူသားရဲ့ ဆဲလ်ပါဝင်မှု အချိုးအစားက အင်မတန်နည်းပါတယ်။ ဒါကြောင့် လူမျက်နှာနဲ့သိုးလိုမျိုး၊ လူလိုဦးနှောက်နဲ့ သိုးလိုမျိုးတော့ ဖြစ်မလာနိုင်သေးပါဘူး။ ဒါပေမယ့် လူနဲ့သိုးမျိုးစပ်ဆိုတာကိုတော့ပြောနိုင်ပါတယ်”ဟု စတင်းဖို့တက္ကသိုလ်မှ ပင်မဆဲလ်ဆိုင်ရာ ဇီဝဗေဒပညာရှင် ဒေါက်တာ ဟီရို နာကာအူချီကပြောပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတင်းဖို့ တက္ကသိုလ်မှ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က လူ့သွေးသားကလာပ်စည်း နှင့် သိုးသတ္တဝါ၏သွေးသားကလာပ်စည်း ၁ အချိုး ၁၀၀၀၀ မျှရှိသော သန္ဓေသားလောင်းကို ဓာတ်ခွဲခန်းထဲတွင် ဖန်တီးခဲ့ပြီး သိုးမတစ်ကောင်၏ သားအိမ်တွင်းထည့်ကာ သက်ရှင်မွေးဖွားလာအောင် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကို သိုးနှင့်လူ မျိုးစပ် သန္ဓေသားဟု ခေါ်နိုင်သည်။

 

ယခုသော် ယင်းသိပ္ပံပညာရှင်အဖွဲ့သည် လူသားတို့၏ ပင်မဆဲလ်များကို သိုးသန္ဓေသားလောင်းအတွင်းသို့ထည့်ခြင်းဖြင့် မျိုးရိုးဗီဇဆိုင်ရာပြုပြင်ပြောင်းလဲခြင်းကိုပြုလုပ်ကာ လူသားတို့၏ ကိုယ်တွင်းအင်္ဂါများတွင်ဖြစ်ပွားသည့် ရောဂါများကို အစားထိုးကုသနိုင်ရန် စီစဉ်နေလျှက်ရှိကြောင်းသိရသည်။

Image result for First Sheep-Human Hybrid

PN002

ref: First Sheep-Human Hybrid developed in the lab

# အင်းဝမီဒီယာ