ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဘန်နီဖြိုးရဲ့ဓါတ်ပုံထဲက ဆရာဝန်မလေး

သီချင်းချိုချိုလေးတွေကြောင့် ပရိသတ်ရဲ့ အားပေးမှုကို ရရှိပြီး အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်သူ ဘန်နီဖြိုးကတော့ ဖေစ်ဘုတ်ပေါ်မှာ လူပြောများနေတဲ့ “ကိုယ်ရဲ့ ဒေါက်တာမလေး”ဆိုတဲ့ ပုံနဲ့ ပတ်သတ်ပြီး ဖွင့်ဟလာပါပြီ။

ဘန်နီဖြိုးဟာ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့က သူရဲ့ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံလေးတစ်ပုံတင်ခဲ့ရာကနေ အစပြုခဲ့တာပါ။ ဓါတ်ပုံကတော့ ကောင်မလေးတစ်ယောက်နဲ့ အတူထိုင်ရင်း ကိုယ့်ရဲ ဒေါက်တာမလေးဆိုတဲ့ ပူပေါင်းလေးကို ကိုင်ထားတဲ့ ပုံဖြစ်ပါတယ်။ အဲဒီပုံကတော့ ဖေစ်ဘုတ်ပေါ်မှာ ဘန်နီဖြိုးသူ့ကောင်မလေးနဲ့ ရိုက်ထားတဲ့ ပုံဆိုပြီး ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

ဘန်နီဖြိုးကတော့ အဲဒီပိုစ့်ကို ပြန် Share ခဲ့ပြီး “လုပ်ကြပါဦးဟ စိုင်းစိုင်းလာထိုးနေဦးမယ်”ဆိုပြီးရေးခဲ့တာဖြစ်ပါတယ်။ ဘန်နီဖြိုး ဓါတ်ပုံထဲမှာ ပါတဲ့ သူကတော့ တခြားသူမဟုတ်ပါဘူး။ နာမည်ကျော် အဆိုတော် စိုင်းစိုင်းရဲ့ ညီမလေး Yingပဲ ဖြစ်ပါတယ်။ ဘန်နီဖြိုးကတော့ “မယိင်းရေ ကန်တော့ ကန်တော့၊ အဒါဘယ်သူလဲတောင် မသိကြဘူးလားကွယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။ ဘန်နီဖြိုးဟာ Ying ရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီးဖေစ်ဘုတ်ပေါ်မှာ  မွေးနေ့ဆုတောင်းပေးခဲတာဖြစ်ပါတယ်။

Source:Bunny Phyoe