သီချင်းတွေဆိုပြီး ပရိသတ်တွေကို အံ့သြစေဦးမယ့်ဖြူဖြူထွေး


ကြော်ငြာမော်ဒယ်လေးတစ်ယောက် ဖြစ်တဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်နေရတဲ့ ဖြူဖြူထွေးကတော့ မကြာခင်မှာ သီချင်းတွေဆိုတဲ့ အဆိုတော်မလေးအဖြစ်နဲ့ ပရိသတ်တွေရဲ့ ရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

သူမကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေ ၊ အကဗီဒီယိုလေးတွေတင်ရာကနေ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာသူ ဆယ်လီတစ်ဦးလည်းဖြစ်ပါတယ်။လတ်တလောမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး ပွင့်လင်းတဲ့ ပုံစံလေးဖြစ်လို့ ပရိသတ်တွေ သဘောကျရတဲ့ ဆယ်လီမလေးတစ်ဦးလည်း ဖြစ်ပါတယ်။

သူမက ဖေစ်ဘုတ်ပေါ်မှာ “သီချင်း အသစ်လေး တစ်ပုဒ်ဆိုထားပါတယ် ..ပထမဦးဆုံး ဆိုရတာဆိုတော့ စိတ်လှုပ်ရှားတယ်”လို့စာရေးပြီး သီချင်းတွေ စဆိုနေပြီဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်တာဖြစ်ပါတယ်။ ဖြူဖြူထွေးကို အားပေးကြတဲ့ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ သီချင်းလေးထွက်လာတဲ့ အခါ အားပေးလိုက်ကြပါဦးနော်။

ဖြူဖြူထွေးကတော့  သူရဲ့ သီချင်းဆိုစွမ်းရည်နဲ့လည်း ပရိသတ်တွေကို အံ့သြစေဦးမယ်လို့ မျှော်လင့်ရပါတယ်။

Source: Phyu Phyu Htwe