ကိုယ်ဝန်သည် ချစ်ဇနီးရဲ့ ဗိုက်လုံးလုံးလေးကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ မြင့်မြတ်

အိမ်ထောင်သက်တမ်း (၁)နှစ်ကျော်သွားပြီးဖြစ်တဲ့ မင်းသား မြင့်မြတ်နဲ့ ဇနီး ခင်သူအောင်တို့ရဲ့ဘ၀ထဲကို ကလေးလေးတစ်ယောက် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဖခင်ဖြစ်လာတော့မယ့် မြင့်မြတ်ကတော့ အပျော်တွေလွန်နေသလို ပရိသတ်တွေကလည်း သူ့အတွက် ၀မ်းသာနေကြပါတယ်။ မြင့်မြတ်ကတော့ ဇနီးကို ဘယ်နေရာသွားသွား ခေါ်သွာလေ့ရှိပြီး အခုမှာလည်း ဇနီးသည်ရဲ့ ဗိုက်လေးကို ကြည့်ရင်း ပီတီတွေဖြစ်နေခဲ့တာ တွေ့ရပါတယ်။

မြင့်မြတ်ကတော့ သဘာဝအတိုင်း အချစ်၊ အမုန်း ကျရာဇာတ်ရုပ်တွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် ဟာသဇာတ်ရုပ်တွေမှာလည်း ပရိသတ်တွေကို ရယ်မောအောင်လုပ်ပေးနိုင်တဲ့ ပါရမီရှင်မင်းသားတစ်ယောက်ပါ။ အနုပညာမှာတင် အောင်မြင်နေသူမဟုတ်ဘဲ အပြင်လက်တွေ့အိမ်ထောင်ရေးဘ၀မှာပါ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။

မြင့်မြတ်ကတော့ အိမ်ထောင်ကျသွားပေမယ့် အရင်ကလိုပဲ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်နေသလို ကိုယ်ဝန်သည်ဇနီးချောလေးအတွက်လည်း အချိန်ပေးပြီး ဂရုစိုက်နေတာကိုတွေ့ရပါတယ်။ မြင့်မြတ်နဲ့ ဇနီးချော ခင်သူအောင်တို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Myat Wai Tun