One Championship ကြိုးဝိုင်း အပြင်ဘက်က နတ်မိမယ်လေးများ … အကောင့်တွေရောပါတယ်နော်

မြန်မာ နိုင်ငံဖွား MMA ကစား သမား အောင်လ အန်ဆိုင်း က တော့ ယမန်နေ့ညက One Championship ခါးပတ်လုပွဲ အဖြစ် ရန်ကုန်မြို့ သုဝဏ အားကစားရုံ အတွင်းမှာ မာချာဒို နဲ့ ယှဉ်ပြိုင် ထိုးသတ် ခဲ့ပြီး အနိုင် ရရှိ ကာ ရွှေခါးပတ် ၂ ဆုရှင် ဖြစ် လာခဲ့ ပါပီ ။ အခု ပြောပြမယ့် အကြောင်း က တော့ One Championship ရဲ့ နတ်မိမယ် လေးတွေ လို ကျော်ကြားတဲ့ Ring Girl လေးတွေ ရဲ့ အကြောင်းပဲ ဖြစ် ပါတယ် ။ ဟိုဟို ဒီဒီ ဝေ့၀ိုက်ပြီး လေကြော ရှည် မနေ တော့ပါဘူး . . . . စ လိုက်ကြ ရ အောင် ဗျာ . . . .

Park Si Hyun

အရပ် – ၁၆၅ စင်တီမီတာ ( ၅ ပေ ၄ လက်မ )

နိုင်ငံ – တောင်ကိုရီးယား

ပက်ဆီဟွမ်း ဟာ တောင်ကိုရီးယား နိုင်ငံ ရဲ့ ပေါ်ပျုလာ မော်ဒယ် တစ်ဦး ဖြစ်ပြီး ယခင် က ပြိုင်ကား ပြိုင်ပွဲ တွေရဲ့ Queen လေး လို့ ကျော်ကြား ခဲ့သူ ဖြစ် ပါတယ် ။ ပက် ဟာ မရေ မတွက် နိုင်တဲ့ မဂ္ဂဇင်းတွေ ၊ ပွဲတော် တွေ ၊ ကား နဲ့ ဆိုင်ကယ် ပြိုင်ပွဲတွေ မှာ မော်ဒယ် အဖြစ် ပါဝင် ခဲ့ဖူးသူ လေးလည်း ဖြစ် ပါတယ် ။

ပက်ဆီဟွမ်း ဟာ One Championship ရဲ့ လက်ရှိ Ring Girls တွေ အနက် သက်တမ်း အရှည်ဆုံး Girl တစ်ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ် မှာ ပြုလုပ် ခဲ့တဲ့ တတိယ အကြိမ် ပြိုင်ပွဲ က စတင်ပြီး ပါဝင် လာခဲ့ တာ ဖြစ် ပါတယ် ။

ပက် ဟာ ပညာရေးမှာလည်း ထူးချွန်သူ ဖြစ်ပြီး ကိုရီးယား နိုင်ငံ ဟန်ယန်း အမျိုးသမီး တက္ကသိုလ် က နေ Business Administration ဘွဲ့ ကို ရရှိ ထားခဲ့သူ ဖြစ် ပါတယ် ။ ပညာရေးမှာ ဆက်လက် သင်ယူနိုင်ဖို့ လမ်းကြောင်းတွေ ရှိခဲ့ ပေမယ့် ပက် က တော့ သူမ နှစ်သက် ရာ မော်ဒယ် အလုပ် ကို လုပ်ကိုင် ဖို့ ရွေးချယ် ခဲ့ ပါတယ် ။ ခရီးသွားရတာ ကို နှစ်သက် ပါတယ် ဆိုတဲ့ ပက်ဆီဟွမ်း ဟာ ယခု အချိန် မှာတော့ သူမ ရဲ့ အိပ်မက် တွေနဲ့ အတူ ရှင်သန် နေပြီး One Championship ပွဲတွေ ၊ မော်ဒယ် အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းမှု တွေ ကြောင့် ကမ္ဘာ တစ်ဝှမ်း ကို ခရီး သွားလာ နေ ရပြီ ဖြစ် ပါတယ် ။

ဒါပေမယ့် ပက် ဟာ ပညာရေးပိုင်း ကိုလည်း အလွတ်မပေး ခဲ့ဘဲ တရုတ်ပြည် ဈေးကွက် အတွင်း ကို ထိုးဖောက် နိုင်ဖို့ တရုတ်စာပေ ကို လေ့လာ နေတယ် လို့ သိရ ပါတယ် ။ ဒီအချက်တွေ က ပဲ ပက် ကို လူကြိုက်များ နေရ ခြင်း ဖြစ် ပါတယ် ။

သူမဟာ ဆိုရှယ်မီဒီယာ ပရိသတ် အခိုင်အမာ ရရှိ ထားသူ တစ်ဦး ဖြစ်ပြီး Instagram Follower ၁ သိန်းခွဲ ကျော် ရှိ တယ် လို့ သိရ ပါတယ် ။ သူမရဲ့ Post တိုင်းလိုလို Like ထောင်ပေါင်းများစွာ ရရှိ ထားပြီး ညှို့ငင် တက် တဲ့ မျက်ဝန်းတွေ ၊ တစ်လက်လက် တောက်ပ နေတဲ့ အပြုံးတွေ ၊ မင်သက်တောင့်တင်း သွားစေမယ့် အကြည့်တွေ ၊ စွဲမက်ဖွယ် ဘော်ဒီ တွေ နဲ့ ပုရိသ တွေကို ဆွဲဆောင် ထားနိုင် သူ တစ်ဦးလည်း ဖြစ် ပါတယ် ။

ပရိသတ်ကြီး အတွက် သတင်းဆိုး က တော့ ပက်ဆီဟွမ်း ရဲ့ Instagram အကောင့် ကို ဖော်ပြ ထား ပါဘူး ။ အကယ်၍ တစ်ယောက်ယောက် က တွေ့ရှိ ခဲ့မယ် ဆိုရင် . . . . . .

Nam Eun Ju

အရပ် – ၁၇၀ စင်တီမီတာ ( ၅ ပေ ၆ လက်မ )

နိုင်ငံ – တောင်ကိုရီးယား

နမ်းအွန်ဂျု က တော့ မော်တော်ကား နဲ့ ဆိုင်ကယ် ပြပွဲတွေ ၊ ပြိုင်ပွဲတွေ ၊ လက်မှတ်ရေးထိုး ဆွေးနွေး ပွဲတွေ မှာ မကြာခဏ ပါဝင် ခွင့် ရရှိ နေတဲ့ ကိုရီးယား ထိပ်တန်း မော်ဒယ် တစ်ဦး ဖြစ် ပါတယ် ။ One Championship ရဲ့ Ring Girl ဖြစ်လာ အပြီးမှာတော့ သူမ ရဲ့ ပရိသတ် အင်အား ဟာ အဆမတန် တိုးပွား လာခဲ့ပြီး ယနေ့ အထိ ပြိုင်ပွဲရဲ့ လူကြိုက် များတဲ့ မိန်းမလှ လေးတစ် ဦး အဖြစ် တည် ရှိ နေခဲ့ ပါတယ် ။

ပြိုင်ပွဲ တစ်ခုမှာ ပါဝင်တိုင်း သူမ ရဲ့ ရုပ်ပုံလွှာ ကို နိုင်ငံ ပေါင်း ၁၁၈ နိုင်ငံ က ပရိသတ်ပေါင်း ၁ ဘီလီယံ လောက် မြင်တွေ့ အားပေး ခဲ့ကြ ပေမယ့် နမ်းအွန်ဂျု တစ်ယောက် က တော့ အေးဆေး တဲ့ ဘ၀ ကို နှစ်သက် တဲ့ သူလေး ဖြစ် ခဲ့ ပါတယ် ။ သူမ ဟာ သူငယ်ချင်းတွေ နဲ့ တီးတိုးပြောဆို ရယ်မော ရတာ တွေကို နှစ်သက် ကြောင်း ၀န်ခံ ထားသလို ဗီဒီယို ကြည့်ခြင်း ၊ ပရိသတ်တွေ နဲ့ စကားစမြည် ပြောဆိုခြင်း တွေကိုလည်း မကြာခဏ ပြုလုပ် တက်သူ ဖြစ် တယ် လို့ ၀န်ခံ ထားခဲ့ ပါတယ် ။

One Championship ပြိုင်ပွဲ နဲ့ စတင် သိကျွမ်း ခဲ့စဉ် က ကြောက်လန့် ခဲ့ဖူးတယ် လို့ ရိုးသားစွာ ၀န်ခံ ခဲ့တဲ့ နမ်းအွန်ဂျု ဟာ ကိုရီးယား ရဲ့ အလုပဂေးတွေ ပေါ်ထွက် ရာ ဘူဆန် မြို့က နေ ထွက်ပေါ် လာခဲ့သူလေး ဖြစ် ပါတယ် ။ ငယ်စဉ် ကတည်းက စက်ဘီး နဲ့ စကိတ် စီးခြင်းတွေ ကို နှစ်သက် တဲ့ သူမ ဟာ အထက်တန်း ကျောင်းမှာ ကတည်းက ကိုယ်ဟန် လှပ မှု နဲ့ နှစ်လိုဖွယ် မျက်နှာထား တွေ ကြောင့် လူချစ်လူခင် များခဲ့ ရသူ လည်း ဖြစ် ပါတယ် ။

“တစ်သက် မှာ တစ်ခါ ပဲ အသက်ရှင်သန် နိုင်တယ်” ဆိုတဲ့ စကားဟာ နမ်းအွန်းဂျု ရဲ့ လက်သုံး စကား ဖြစ် ပါတယ် ။ ဒီစကား အတိုင်းပဲ အွန်းဂျုလေးဟာ ဘ၀ မှာ နောင်တရ စရာတွေ ကို မေ့ပျောက်ပြစ်ပြီး အမြဲ ပျော်ရွှင် ဖို့ အတွက်ပဲ တွေးတော နေသူ လေးတစ်ဦး ဖြစ် သလို ပြိုင်ပွဲရဲ့ အမာခံ ပရိသတ်တစ်ဦး လည်း ဖြစ်လာခဲ့ ပါတယ် ။

သူမရဲ့ Instagram account က တော့ jjuya2004 ဖြစ် ပါတယ် ခင်ဗျာ ။

Lee Ji Na

အရပ် – ၁၆၃ စင်တီမီတာ ( ၅ ပေ ၄ လက်မခွဲ )

နိုင်ငံ – တောင်ကိုရီးယား

တောင်ကိုရီးယား နိုင်ငံ အန်ဒေါင်း မြို့သူလေး လီဂျီနာ က တော့ မြို့တော် ဆိုးလ် မှာ အောင်မြင် နေတဲ့ မော်ဒယ် တစ်ဦး ဖြစ် ပါတယ် ။ ဘီကနီ အလှ ပြိုင်ပွဲတွေ မှာ အောင်မြင် ခဲ့ပြီး နောက် လီဂျီနာ ရဲ့ ပုံရိပ်တွေ ဟာ ကမ္ဘာ တစ်ဝှမ်းက မဂ္ဂဇင်းတွေ မှာ ပါရှိ လာခဲ့ ပါတယ် ။ ဒီလို အောင်မြင်မှုတွေ ဟာ အားကစား မီဒီယာ တွေရဲ့ စိတ်ဝင်စားမှု ကို ရရှိ စေခဲ့ပြီး အမျိုးသား မဂ္ဂဇင်းတွေ နဲ့ အားကစား ပွဲတွေ မှာပါဝင် လာနိုင် ခဲ့ ပါတယ် ။

လီဂျီနာ လေးဟာ ငယ်စဉ် က တောင်ယာ စိုက်ခင်း ထဲ ကို အကို ၂ ဦး နဲ့ အတူ သွားေ၇ာက် လုပ်ကိုင် ခဲ့ရ သူ ဖြစ်ပြီး ယောက်ျားလေး ဆန်တဲ့ မျက်နှာပေး ကြောင့် ယောက်ျားလျာ တစ်ဦး လို့ ကျီစယ်ခြင်း ခံခဲ့ရသလို ငွေကြေး ရရှိဖို့ အတွက် သတိုးသား အရံ အဖြစ်ပင် လုပ်ကိုင် ခဲ့ရ ဖူးပါတယ် ။

အန်ဒေါင်း တက္ကသိုလ် က နေ စာ၇င်းကိုင် ၊ ဥပဒေ နဲ့ စီးပွားရေး ဆိုင်ရာ ဘွဲ့တွေကို ရယူ အပြီးမှာတော့ လီဂျီနာ ရဲ့ ဘ၀ ဟာ ဘဏ်ဝန်ထမ်း တစ်ဦး ဖြစ် လာခဲ့ ပါတယ် ။ ထိုအချိန် မှာဘဲ လီဂျီနာ ရဲ့ ဘ၀ ကို ပြောင်းလဲ စေမယ့် အချိန် ကို ရောက် လာခဲ့ပြီး ကိုရီးယား နာမည်ကြီး မော်ဒယ်အေဂျင်စီ တစ်ခု က ဂျီနာ ရဲ့ ကိုယ်တွင်း က မိန်းမလှ အရည်အသွေးတွေကို တွေ့မြင် ခဲ့ပြီး ခေါ်ယူ လေ့ကျင့် ပေးခဲ့ ပါတယ် ။

အခု အချိန် မှာတော့ ဂျီနာလေး ဟာ One Championship ရဲ့ နတ်မိမယ် တစ်ဦး ဖြစ် လာခဲ့ပါပီ ။ ၂၀၁၆ ခုနှစ် မှ ပြိုင်ပွဲ နဲ့ စတင် မိတ်ဆက် ခဲ့သူ ဖြစ်ပေမယ့် ပရိသတ် တွေ ရဲ့ စိတ်အာရုံ ကို တစ်ခဏ အတွင်း မှာ ဖမ်းယူ ဆွဲဆောင် သွား နိုင် ခဲ့ ပါတယ် ။

သူမ ရဲ့ Instagram Account ကတော့ Leejina.angle ဖြစ် ပါတယ် ခင်ဗျာ . . . .

Kim Ji Na

အရပ် – ၁၆၈ စင်တီမီတာ ( ၅ ပေ ၅ လက်မ )

နိုင်ငံ – တောင်ကိုရီးယား

ငယ်စဉ် ကတည်းက သရုပ်ဆောင် ပိုးဝင် ခဲ့သူ ကင်ဂျီနာ က တော့ တောင်ကိုရီးယား နိုင်ငံ ဒယ်ဂျုံး ဇာတိဖွား လေး ဖြစ် ပါတယ် ။ ဖြတ်သန်းလာ ခဲ့သမျှ အထက်တန်း ကျောင်း နဲ့ တက္ကသိုလ် တွေမှာ ဂျီနာ ဟာ သရုပ်ဆောင် တစ်ဦး အဖြစ် နဲ့ ပွဲများစွာမှာ ပါဝင် ခဲ့ပါတယ် ။

ဆိုးလ် မြို့တော် ရဲ့ နာမည်ကြီး မော်ဒယ် တစ်ဦး အဖြစ် လူသိများလာ အပြီးမှာတော့ ဂျီနာ ဟာ ဇာတ်လမ်း တွဲတွေ ၊ ကြော်ငြာတွေ ၊ တေးသီချင်းတွေ မှာ ပါဝင် သရုပ်ဆောင် ဖို့ ကမ်းလှမ်း မှုတွေ ကို ရရှိ လာခဲ့ ပါတယ် ။

ဒီလို အောင်မြင်မှုတွေ ဟာ ကင်ဂျီနာ ကို One Championship တာဝန် ရှိသူတွေ ရဲ့ စိတ်ဝင်စားမှု ကို ရရှိ စေခဲ့ပြီး Ring Girl တစ်ဦး အဖြစ် လူသိများလာ စေခဲ့ ပါတယ် ။

သူမရဲ့ Instagram ကတော့ Kimgnna ဖြစ် ပါသတဲ့ ခင်ဗျာ . . . .

( မနေ့ညက ပွဲမတိုင်မီမှာ ဂျီနာ က Live လွှင်ခဲ့ပါသေး သတဲ့ )

Chun Se Ra

အရပ် – ၁၇၁ စင်တီမီတာ ( ၅ ပေ ၆ လက်မ )

နိုင်ငံ – တောင်ကိုရီးယား

ချန်ဆီရာ ဟာ အနာဂါတ် မှာ အခု ထက် ပိုမို တောက်ပတဲ့ မော်ဒယ် တစ်ဦး ဖြစ်လာလိမ့်မယ် လို့ သုံးသပ် မှု တွေ ရှိ ခဲ့ကြပါတယ် ။ အမျိုးသမီး ကင်းထောက် ဟောင်း တစ်ဦး ဖြစ်တဲ့ ဆီရာ ဟာ ရုပ်သံ စီးရီးတွေ မှာ သရုပ် ဆောင်ခဲ့ ဖူးပြီး One Championship Ring Girl ဖြစ်လာ အပြီးမှာ ပိုမို လူသိ များလာခဲ့ ပါတယ် ။

လှပ ကျော့ရှင်းတဲ့ ခန္ဓာကိုယ် ၊ ပင်ပန်းမှု မရှိတဲ့ ဟန်ပန် နဲ့ ညှို့ငင် တက်တဲ့ အကြည့်တွေ ကြောင့် ဆီရာ ဟာ ပရိသတ် အခိုင် အမာ ရရှိ ထား နိုင်ခဲ့ သူ ဖြစ် လာခဲံ ပါတယ် ။

လက်ရှိ အချိန်မှာတော့ ဆီရာ ဟာ One Championship သာမက ကားမောင်းပြိုင်ပွဲများ နဲ့ အကပွဲတွေ မှာ ပါဝင် အသုံးတော် ခံနေ သူ လည်းဖြစ် လာခဲ့ပါတယ် ။ ဆီရာ ဟာ တောင်ကိုရီးယား မှာသာ မက ဟောင်ကောင် မှာပါ ပရိသတ် အခိုင်အမာ ပိုင်ဆိုင် ထားသူလေး လည်း ဖြစ် ပါတယ် ။

အားလပ် ချိန်မှာ ပုံဆွဲ ၀ါသနာ ပါတဲ့ ဆီရာ လေး ဟာ သရဲကားတွေ ကို အလွန် နှစ်သက်သူ တစ်ဦး ဖြစ် ပါသတဲ့ ပရိသတ်ကြီးတို့ ရေ . . . . . . .

Sera0217 ဆိုတာ က တော့ သူမရဲ့ Instagram အကောင့် အမည်ပဲ ဖြစ် ပါတယ် ခင်ဗျာ ။

Eun Ji Ye

အရပ် – ၁၆၇ စင်တီမီတာ ( ၅ ပေ ၄ လက်မခွဲ )

နိုင်ငံ – တောင်ကိုရိးယား

အမ ဖြစ်သူ လေယာဉ်မယ် ရဲ့ လမ်းစဉ် အတိုင်း လိုက်စေဖို့ လေကြောင်း ဆိုင်ရာ ပညာတွေ ကို လေ့လာခဲ့ ရတဲ့ အွန်ဂျီယီ ရဲ့ ဘ၀ ဟာ အိပ်မက် နဲ့ ဆန့်ကျင် ခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ လူကြီး တွေ ရဲ့ သဘော နဲ့ ဆန့်ကျင်ပြီး မော်ဒယ် ရပ်ဝန်းထဲ ကို ခြေစုံပစ် တိုးဝင် ခဲ့တဲ့ ဂျီယီ အတွက် ဒါဟာ ဘ၀ မှာ အကြီးအကျယ် ပြောင်းလဲ စေခဲ့တဲ့ ဆုံးဖြတ် ချက် ပဲ ဖြစ် ခဲ့ ပါတယ် ။

ကိုရီးယား ရဲ့ နာမည်ကြီး အေဂျင်စီ တစ်ခု မှာ စတင် လုပ်ကိုင်ပြီး နောက်ပိုင်းမှာ သူမ ရဲ့ အလှတရား တွေ ကြောင့် အချိန်တို အတွင်းမှာ လူသိများလာ ခဲ့ သူဖြစ် ပါတယ် ။ မော်တာကား ပြိုင်ပွဲတွေ ၊ ကမ္ဘာလှည့် ဖျော်ဖြေ ပွဲတွေ ၊ ကြော်ငြာ ရိုက်ကူး ရေးတွေ ရဲ့ မော်ဒယ် အဖြစ် ပါဝင် လုပ်ကိုင် အပြီးမှာတော့ One Championship ရဲ့ Ring Girl တစ်ဦး ဖြစ် လာခဲ့ ပါတယ် ။

သူမ ဟာ ဓါတ်ပုံ ရိုက် တာ ၀ါသနာ ပါသူလေး လည်း ဖြစ်တယ် လို့ သိရ ပါတယ် ။

Instagram Account အမည် က တော့ chloe Ih ဖြစ် ပါတယ် ခင်ဗျာ ။

Choi Ye Rok

အရပ် – ၁၇၁ စင်တီမီတာ ( ၅ ပေ ၆ လက်မ )

နိုင်ငံ – တောင်ကိုရီးယား

တောင်ကိုရီးယား ရဲ့ show ပွဲတွေ မှာ မကြာခဏ ပါဝင် ဖူးသူ ချွိုင်ယီရော့ က တော့ လူသိများတဲ့ မော်ဒယ် တစ်ဦး ဖြစ် ပါတယ် ။ သူမ ရဲ့ ကျက်သရေ ရှိလှတဲ့ အချိုးအစား တွေ ၊ နှစ်လိုဖွယ် အကြည့်တွေ နဲ့ အတူ Show ပွဲ တွေ မှာ ပရိသတ်တွေ ရဲ့ စိတ်အာရုံတွေ ကို ဖမ်းစား ထား နိုင် ခဲ့ ပါတယ် ။

ဆိုးလ်မြို့ ရဲ့ အနုပညာ ကောလိပ် ကနေ ဘွဲ့ရလာခဲ့တဲ့ ချွိုင်ယီရော့ ဟာ One Championship ပြိုင်ပွဲ နဲ့ Ring Girl တွေ အကြောင်းကို ကြားသိ အပြီးမှာတော့ ပြိုင်ပွဲ မှာ ပါဝင်ဖို့ ချိတ် ဆက် ခဲ့သူလေးလည်း ဖြစ် ပါတယ် ။

သူမ ဟာ အလုပ်ကြိုးစား သူတစ်ဦးဖြစ်ပြီး မိသားစု နဲ့ မိတ်ဆွေရင်းတွေ ကို အလေးထားသူ တစ်ဦးလည်း ဖြစ် ပါတယ် ။

သူမရဲ့ IG က တော့ Zum 3 ပဲ ဖြစ် ပါတယ် ခင်ဗျာ . . . . . .

အားလုံး ပျော်ရွှင် ကျေနပ် နိုင်ကြပါစေ . . . .

Ref : One Championship

Photo Credit : One Championship