မကြၽတ္မလြတ္သူရဲ႕ ၀ိညာဥ္ပုံရိပ္ မင္းရာဇာတို႔ ရိုက္ကြင္းဓါတ္ပုံထဲပါလာခဲ့

Zawgyi

သဘာဝလြန္ျဖစ္ရပ္ေတြကို ေတြ႕ႀကဳံဖူးသူတိုင္းက မကြၽတ္မလြတ္ဝိညာဥ္ေတြ တကယ္ရွိတယ္ဆိုတာ ယုံၾကည္ၾကေပမယ့္ အခ်ိဳ ့ကေတာ့ မယုံမၾကည္ျဖစ္ေနၾကဆဲပါပဲ ။ ခုလည္း အျငင္းပြားစရာ ပုံရိပ္တစ္ခုကို သ႐ုပ္ေဆာင္မင္းရာဇာက ျပသလိုက္တာပါ ။ သူတို႔ရိုက္ကူးေနတဲ့ ရိုက္ကြင္းရဲ႕ ပုံရိပ္ေတြကို ရိုက္ကူးရာမွာ ပါဝင္လာတဲ့ လက္ျပတ္ႀကီးတစ္ဖက္ရဲ႕ ပုံရိပ္ကို ျပသရင္း

” ထူးဆန္းေသာ အျဖစ္ျပက္….ဒီေန႕ ေန႕ခင္းေၾကာင္ေတာင္ႀကီး

ေမာင္းမကန္ကမ္းေျခမွာ ဇာတ္ကားရိုက္ေနရင္း ပင္လယ္ထဲမွထူးဆန္းတဲ့ လက္ႀကီးေပၚလာ။တပည့္မွမွတ္တမ္း္းဓာတ္ပုံလိုက္ရိုက္ေပးရင္း Camera effect မဟုတ္ျပတ္သားစြာေပၚလာျခင္းျဖစ္သည္။
နယ္ခံမ်ားမွေျပာၾကသည္မွာ Y8 စစ္ေလယဥ္ပ်က္ၾကေသာေက်ာက္နီေမွာ္ကမ္းေျခနားမွျဖစ္သည္လို႔ေျပာၾကသည္။မကြၽတ္မလြတ္မ်ားရွိခဲ့ပါက အျမန္ဆုံးကြၽတ္လြတ္ၾကပါေစဗ်ာ။24.2.2018 ေနာက္တယ္မထင္ပါနဲ႕ ဘာျဖစ္နိုင္မလဲဆိုတာ စဥ္းစားေပးပါလားသူငယ္ခ်င္းတို႔?????????????????????? ” လို႔သူကဆိုထားခဲ့ပါတယ္ ။

ုပုံေတြထဲမွာေတာ့ လက္ျပတ္ႀကီးတစ္ခုရဲ႕ ပုံရိပ္ကိုထင္းေနေအာင္ အားလုံးျမင္ေတြ႕နိုင္မွာပါ ။ ယုံၾကည္ၾကသူမ်ားက အမွ်ေဝဖို႔ေျပာၾကသလို မယုံၾကည္သူမ်ားကလည္း Camera Effect လိုေျပာေနၾကေပမယ့္ မင္းရာဇာကေတာ့ တကယ့္အျဖစ္ပါလို႔ဆိုၿပီး သူတို႔တစ္ဖြဲ႕လုံး ၾကက္သီးမ်ားေတာင္ထကုန္ၾကရတယ္လို႔ ထပ္မံေျပာျပထားပါတယ္ ။ မင္းသမီးဖူးစုံကလဲ တကယ္လား လို႔လာေရာက္ေမးျမန္းခဲ့ၿပီး မင္းရာဇာက ” ဟုတ္တယ္အမ တကယ္ အားလုံး camera အေၾကာင္းနားလည္တဲ့သူၾကည့္ဘဲ ” လို႔ျပန္လည္ေျဖၾကားခဲ့တာမို႔ ေနာက္ေျပာင္ေနတာမဟုတ္ဘဲ အတည္ေျပာေနတယ္ဆိုတာေတာ့ ေသခ်ာသြားခဲ့ပါတယ္ ။ ပရိတ္သတ္တို႔ေရာ ဘယ္လိုျမင္ၾကလဲဟင္ ။

သတင္းအရင္းျမစ္ : Min Yar Zar

Unicode

သဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ကြုံဖူးသူတိုင်းက မကျွတ်မလွတ်ဝိညာဉ်တွေ တကယ်ရှိတယ်ဆိုတာ ယုံကြည်ကြပေမယ့် အချို ့ကတော့ မယုံမကြည်ဖြစ်နေကြဆဲပါပဲ ။ ခုလည်း အငြင်းပွားစရာ ပုံရိပ်တစ်ခုကို သရုပ်ဆောင်မင်းရာဇာက ပြသလိုက်တာပါ ။ သူတို့ရိုက်ကူးနေတဲ့ ရိုက်ကွင်းရဲ့ ပုံရိပ်တွေကို ရိုက်ကူးရာမှာ ပါဝင်လာတဲ့ လက်ပြတ်ကြီးတစ်ဖက်ရဲ့ ပုံရိပ်ကို ပြသရင်း

” ထူးဆန်းသော အဖြစ်ပြက်….ဒီနေ့ နေ့ခင်းကြောင်တောင်ကြီး

မောင်းမကန်ကမ်းခြေမှာ ဇာတ်ကားရိုက်နေရင်း ပင်လယ်ထဲမှထူးဆန်းတဲ့ လက်ကြီးပေါ်လာ။တပည့်မှမှတ်တမ်း်းဓာတ်ပုံလိုက်ရိုက်ပေးရင်း Camera effect မဟုတ်ပြတ်သားစွာပေါ်လာခြင်းဖြစ်သည်။

နယ်ခံများမှပြောကြသည်မှာ Y8 စစ်လေယဉ်ပျက်ကြသောကျောက်နီမှော်ကမ်းခြေနားမှဖြစ်သည်လို့ပြောကြသည်။မကျွတ်မလွတ်များရှိခဲ့ပါက အမြန်ဆုံးကျွတ်လွတ်ကြပါစေဗျာ။24.2.2018 နောက်တယ်မထင်ပါနဲ့ ဘာဖြစ်နိုင်မလဲဆိုတာ စဉ်းစားပေးပါလားသူငယ်ချင်းတို့?????????????????????? ” လို့သူကဆိုထားခဲ့ပါတယ် ။

ုပုံတွေထဲမှာတော့ လက်ပြတ်ကြီးတစ်ခုရဲ့ ပုံရိပ်ကိုထင်းနေအောင် အားလုံးမြင်တွေ့နိုင်မှာပါ ။ ယုံကြည်ကြသူများက အမျှဝေဖို့ပြောကြသလို မယုံကြည်သူများကလည်း Camera Effect လိုပြောနေကြပေမယ့် မင်းရာဇာကတော့ တကယ့်အဖြစ်ပါလို့ဆိုပြီး သူတို့တစ်ဖွဲ့လုံး ကြက်သီးများတောင်ထကုန်ကြရတယ်လို့ ထပ်မံပြောပြထားပါတယ် ။ မင်းသမီးဖူးစုံကလဲ တကယ်လား လို့လာရောက်မေးမြန်းခဲ့ပြီး မင်းရာဇာက ” ဟုတ်တယ်အမ တကယ် အားလုံး camera အကြောင်းနားလည်တဲ့သူကြည့်ဘဲ ” လို့ပြန်လည်ဖြေကြားခဲ့တာမို့ နောက်ပြောင်နေတာမဟုတ်ဘဲ အတည်ပြောနေတယ်ဆိုတာတော့ သေချာသွားခဲ့ပါတယ် ။ ပရိတ်သတ်တို့ရော ဘယ်လိုမြင်ကြလဲဟင် ။

သတင်းအရင်းမြစ် : Min Yar Zar