ေနတိုးငယ္ဘဝေနရာမွာ သရုပ္ေဆာင္မယ့္ အျမႊာညီအစ္ကို ႏွစ္ေယာက္

#Unicode Version#
နေတိုးကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ” အသေလှတဲ့သူ” စာအုပ်မှ ဖြစ်ရပ်မှန် ဇာတ်လမ်း အကြောင်းအရာကို “မုန်းစွဲ” ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် နေတိုးရဲ့ ငယ်ဘဝနေရာမှာ သရုပ်ဆောင်မယ့် အမြွှာညီအစ်ကို နှစ်ယောက် လိုအပ်ကြောင်းကို Myanmar Media 7 က ကြေညာခဲ့ပါတယ်။ အခုတော့ နေတိုးရဲ့ ငယ်ဘဝနေရာကို သရုပ်ဆောင်မယ့် အမြွှာညီအစ်ကိုနှစ်ယောက်ကို တွေ့ရှိလို့ သွားပါပြီ။

မရမ်းကုန်းမှာ နေထိုင်တဲ့ အမြွှာညီအစ်ကို ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ နှစ်ယောက်ကို နေတိုးကိုယ်တိုင်းရွေးချယ်ခဲ့ပြီး Media 7 ရုံးမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နေတိုးနဲ့အတူ ညီအစ်ကိုနှစ်ယောက် ရိုက်ကူးထားတဲ့ပုံလေးတွေကိုလည်း နေတိုးရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ အဲ့ဒီပုံလေး တွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

7 Sense Film Production က ထုတ်လုပ်ရိုက်ကူးမယ့် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းမူလပိုင်ရှင် ဖြစ်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကထံသို့ ရိုက်ကူးဖို့အတွက် နေတိုးက ကိုယ်တိုင်ခွင့်တောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားကို နိုဝင်ဘာ(၁)ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်တယ်လို့ Myanmar Media 7 က ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့က ပါဝင်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ နေတိုးနဲ့ ဖွေးဖွေးကို “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားအပြီး သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံစေခဲ့တဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

နေတိုးကတော့ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနု ဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂၀၀၁ခုနှစ်မှာ ခေါင်းဆောင် မင်းသားအနေနဲ့ ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက် ကူးခဲ့ပါတယ်။ ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးကတော့ ၂၀၀၉ခုနှစ်မှာ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေးပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင် လောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ပါတယ်။

Photo : နေတိုး ဖေ့စ်ဘွတ်

ဖိုးသူတော်
Credit: Duwun

ေနတိုးကိုယ္တိုင္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ဆရာေတာ္ အရွင္ဆႏၵာဓိကရဲ႕ ” အေသလွတဲ့သူ” စာအုပ္မွ ျဖစ္ရပ္မွန္ ဇာတ္လမ္း အေၾကာင္းအရာကို “မုန္းစြဲ” ဆုိတဲ့ နာမည္နဲ႕ ရုပ္ရွင္ဇာတ္ကားအျဖစ္ ျပန္လည္ ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေနတိုးရဲ႕ ငယ္ဘဝေနရာမွာ သရုပ္ေဆာင္မယ့္ အျမႊာညီအစ္ကို ႏွစ္ေယာက္ လိုအပ္ေၾကာင္းကို Myanmar Media 7 က ေၾကညာခဲ့ပါတယ္။ အခုေတာ့ ေနတိုးရဲ႕ ငယ္ဘဝေနရာကို သရုပ္ေဆာင္မယ့္ အျမႊာညီအစ္ကိုႏွစ္ေယာက္ကို ေတြ႕ရွိလို႕ သြားပါၿပီ။

မရမ္းကုန္းမွာ ေနထိုင္တဲ့ အျမႊာညီအစ္ကို ဇြဲေဝယံထက္နဲ႕ ဇြဲေဝယံထူးတို႕ ႏွစ္ေယာက္ကို ေနတိုးကိုယ္တိုင္းေရြးခ်ယ္ခဲ့ၿပီး Media 7 ရံုးမွာ ေတြ႕ရွိခဲ့တယ္လို႕ သိရပါတယ္။

ေနတိုးနဲ႕အတူ ညီအစ္ကိုႏွစ္ေယာက္ ရိုက္ကူးထားတဲ့ပံုေလးေတြကိုလည္း ေနတိုးရဲ႕ ေဖ့စ္ဘြတ္မွာ တင္ထားပါတယ္။ အဲ့ဒီပံုေလး ေတြကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

7 Sense Film Production က ထုတ္လုပ္ရိုက္ကူးမယ့္ “မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားရဲ႕ ဇာတ္လမ္းမူလပိုင္ရွင္ ျဖစ္တဲ့ ဆရာေတာ္ အရွင္ဆႏၵာဓိကထံသို႕ ရိုက္ကူးဖို႕အတြက္ ေနတိုးက ကိုယ္တိုင္ခြင့္ေတာင္းခဲ့တာ ျဖစ္တယ္လို႕ သိရပါတယ္။

အဲ့ဒီဇာတ္ကားကို ႏိုဝင္ဘာ(၁)ရက္ေန႕မွာ စတင္ရိုက္ကူးမွာ ျဖစ္တယ္လို႕ Myanmar Media 7 က ကိုေဝမင္းေမာင္ရဲ႕ ေဖ့စ္ဘြတ္မွာ တင္ခဲ့တာ ျဖစ္ပါတယ္။

မုန္းစြဲ ရုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ဒါရိုက္တာ ၾသရသက ပံုေဖာ္ရိုက္ကူးသြားမွာ ျဖစ္ၿပီး သရုပ္ေဆာင္မ်ားအျဖစ္ ေနတိုး၊ ေက်ာ္ေက်ာ္ဗုိ၊ မင္းေသြး၊ ေဖြးေဖြး၊ ေအးဝတ္ရည္ေသာင္းတို႕က ပါဝင္မွာ ျဖစ္တယ္လို႕ဆိုထားပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ေနတိုးနဲ႕ ေဖြးေဖြးကို “ကၽြန္မက ႏွင္းဆီပါေမာင္” ရုပ္ရွင္ဇာတ္ကားအၿပီး သံုးႏွစ္အတြင္း ပထမဆံုးအႀကိမ္ ျပန္လည္ေတြ႕ဆံုေစခဲ့တဲ့ ဇာတ္ကားႀကီးလည္း ျဖစ္ပါတယ္။

ေနတိုးကေတာ့ ၁၉၈၁ခုႏွစ္ စက္တင္ဘာ(၉)ရက္ေန႕က ေမြးခဲ့သူ တစ္ဦးျဖစ္ၿပီး ရခိုင္တုိုင္းရင္းသားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ၁၉၉၉ခုႏွစ္မွာ YIIK modeling agency မွာ သင္တန္းတက္ေရာက္ခဲ့ၿပီး အဆိုပိုင္းနဲ႕ ပတ္သက္ၿပီး ဦးေစာႏု ဆီမွာ သင္ယူခဲ့သူလည္း ျဖစ္ပါတယ္။

သရုပ္ေဆာင္လုပ္ငန္းေတြနဲ႕ ပတ္သက္ၿပီး ၂၀၀၁ခုႏွစ္မွာ ေခါင္းေဆာင္ မင္းသားအေနနဲ႕ ဗီဒီယိုဇာတ္ကားေတြ စတင္ရိုက္ ကူးခဲ့ပါတယ္။ က်ရာဇာတ္ရုပ္တိုုင္းကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူ တစ္ေယာက္ျဖစ္လာတဲ့ ေနတိုးကေတာ့ ၂၀၀၉ခုႏွစ္မွာ “မိုးညအိမ္မက္ျမဴ” ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။

၂၀၁၅ခုႏွစ္မွာေတာ့ နကၡတ္မွားတဲ့တိုက္ပြဲ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုးအမ်ိဳးသား ဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။ ေနတိုးဟာ အႏုပညာအရည္အေသြးျပည့္ဝတာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားသူ တစ္ေယာက္အျဖစ္ သရုပ္ေဆာင္ ေလာကမွာ ေအာင္ျမင္စြာ ရပ္တည္ေနႏိုင္ပါတယ္။

Photo : ေနတိုး ေဖ့စ္ဘြတ္
ဖိုးသူေတာ္
Credit: Duwun