မန္ခ်က္စတာယူႏိုက္တက္မွာ ကစားခဲ့ဖူးတဲ့ ရန္ကုန္သားတစ္‌‌ေယာက္‌

ယေန႔ကမၻာေပၚမွာအေက်ာ္ၾကားဆံုးေဘာလံုးကလပ္တစ္ခုျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ရန္ကုန္သားတစ္ေယာက္က ကစားခဲ့ဖူးၿပီးဂိုးေတြသြင္းခဲ့ဖူးတယ္ဆိုရင္ သင္အံ့ၾသသြားမလား။ မအံ့ၾသပါနဲ႔ ယူႏိုက္တက္မွာ ရန္ကုန္သားတစ္ေယာက္က ၁၉၃၆ခုႏွစ္ကေန ၁၉၅၀ခုႏွစ္အထိ ကစားခဲ့ဖူးပါတယ္။ သူ႔နာမည္က ခ်ာလီမစ္တန္လို႔ေခၚပါတယ္။

ခ်ာလီမစ္တန္ကို ၿဗိတိသွ်ဘားမား ရန္ဂြန္းၿမိဳ႕လို႔ေခၚတဲ့ ယခု ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႔မွာ ၁၉၂၁ ခုႏွစ္ ဇန္န၀ါရီ ၁၇ရက္ေန႔မွာေမြးဖြားခဲ့ပါတယ္။ အဂၤလိပ္လူမ်ိဳးမိဘႏွစ္ပါးကေမြးဖြားခဲ့တဲ့ အဂၤလိပ္လူမ်ိဳး စစ္စစ္တစ္ေယာက္ျဖစ္ေပမယ့္ သူဟာအဂၤလန္ကိုျပန္တဲ့အထိ ျမန္မာႏုိင္ငံသားအျဖစ္ရွိေနဆဲပါ။

ေနာက္ပိုင္းမွာမွအဂၤလန္ႏိုင္ငံသားအျဖစ္အသိအမွတ္ျပဳခံခဲ့ရပါတယ္။ (အဲ့ဒီေခတ္ကာလကအဂၤလန္ႏိုင္ငံျပင္ပမွာေမြးတဲ့ကေလးမွန္သမွ်ကအဂၤလန္ႏိုင္ငံသားအျဖစ္အသိအမွတ္ျပဳခံရဖို႔အတြက္တင္းၾကပ္တဲ့စည္းမ်ဥ္းေတြရွိေနတာပါ)ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာလာေရာက္အမႈထမ္းတဲ့အမ်ိဳးသားေတြနဲ႔အတူပါလာတဲ့ အဂၤလိပ္အမ်ိဳးသမီး ကိုယ္၀န္ေဆာင္ေတြက မီးဖြားခါနီးဆိုရင္အဂၤလန္မွာျပန္ၿပီးေမြးၾကရပါတယ္။ ေနာက္ပိုင္း (ဘားမား) ျမန္မာ ကေန အဂၤလန္ႏိုင္ငံကိုျပန္ရတဲ့ခရီးစရိတ္နဲ႔အခ်ိန္ၾကန္႔ၾကာမႈေတြရွိတဲ့အျပင္လမ္းခရီးမွာကိုယ္၀န္ေဆာင္ေတြအတြက္အႏၱရာယ္မ်ားတဲ့အတြက္ အဲ့ဒီေခတ္ကာလအေခၚ ေမၿမိဳ႕ (ယခုျပင္ဦးလြင္)မွာ အဂၤလိပ္အစိုးရက အဂၤလိပ္လူမ်ိဳးကိုယ္၀န္ေဆာင္ေတြမီးဖြားဖို႔အတြက္ေဆးရံုတစ္ရံုေဆာက္ေပးခဲ့ပါတယ္။အဲ့ဒီေဆးရံုမွာ ေမြးဖြားတဲ့ကေလးမွန္သမွ် ကို အဂၤလန္ႏိုင္ငံအတြင္းမွာ ေမြးတဲ့ကေလးလို႔အသိ အမွတ္ျပဳပါတယ္။)

ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ခ်ာလီမစ္တန္ဟာ သူ႔အသက္ ၁၀ႏွစ္ေလာက္မွာ အဂၤလန္ကိုျပန္ေရာက္ပါတယ္။ သူ႔အသက္၁၆ႏွစ္ေလာက္ျဖစ္တဲ့ ၁၉၃၆ခုႏွစ္မွာ နာမည္ေက်ာ္မန္ခ်က္စတာယူႏိုက္တက္ လူငယ္အသင္းမွာ ေဘာလံုးကစားဖို႔အတြက္ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒါေပမယ့္တကယ္တမ္းသူ႔ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ပထမဦးဆံုးပြဲကေတာ့ ၁၉၄၆ခုႏွစ္အထိျဖစ္မလာေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒုတိယကမၻာစစ္ျဖစ္ပြားေနတဲ့အတြက္ေဘာလံုးျပိဳင္ပြဲေတြကိုရပ္နားထားလို႔ျဖစ္ပါတယ္။ ဒုတိယကမၻာစစ္အတြင္းမွာ မစ္တန္ဟာ ၿဗိတိန္ေတာ္၀င္ေလတပ္မွာ၀င္ေရာက္အမႈထမ္းခဲ့ပါတယ္။ဒုတိယကမၻာ
စစ္ႀကီးၿပီးတဲ့ေနာက္မွာမန္ယူႏိုက္တက္အသင္းကိုခ်ာလီမစ္ တန္ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ ယူႏိုက္တက္အသင္းႀကီးမွာ သူဟာေတာင္ပံကစားသမားအျဖစ္ကစားခဲ့ၿပီး ျပိဳင္ဘက္အသင္းေတြကိုလွ်င္လွ်င္ျမန္ျမန္နဲ႔ထိုးေဖာက္ကစားႏိုင္သလို ဂိုးသြင္းရာမွာလည္းထူးခၽြန္ေျပာင္ေျမာက္တယ္လို႔ဆိုပါတယ္။

အဲ့ဒီကာလတုန္းက ခ်ာလီမစ္တန္ဟာ ဂ်င္မီဒီလန္ေနး၊ စတန္ပီးယားဆင္၊ ဂ်က္ရိုေလးနဲ႔ ဂၽြန္နီေမာရစ္ တို႔နဲ႔အတူ အိုးထရက္ဒ္ဖို႔ရဲ႕နာမည္ေက်ာ္ငါးေယာက္ျဖစ္ခဲ့ပါတယ္။ သူဟာ ယူႏိုက္တက္အသင္းအတြက္ စုစုေပါင္း ၁၆၂ပြဲကစားခဲ့ၿပီး ၆၁ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

သူ႔ကို ယူႏိုက္တက္ပရိတ္သတ္ေတြက ခ်စ္စႏိုးနဲ႔ Cheeky Charlie ဆိုၿပီး နာမည္ေျပာင္ေပးခဲ့ပါတယ္။ သူတင္ရွိခဲ့ ပင္နယ္တီစံခ်ိန္ ၁၆ဂိုးကို ၁၉၉၀ ခုႏွစ္ေတြအထိ ဘယ္ကစားသမားမွ မခ်ိဳးဖ်က္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္အဲရစ္ကန္တိုနာက ၁၉၉၀ခုႏွစ္ေနာက္ပိုင္းႏွစ္ေတြမွာ ပင္နယ္တီသြင္းဂိုး ၁၇ဂိုးနဲ႔ရိုက္ခ်ိဳးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းမွာကစားခဲ့တဲ့ေလးရာသီအတြင္း မစ္တန္ဟာ ယူႏိုက္တက္ကို အဂၤလိပ္အဆင့္ျမင့္တန္း ဒုတိယ သံုးၾကိမ္နဲ႔ စတုတၳတစ္ၾကိမ္၊ ၁၉၄၈ခုႏွစ္မွာ FA ဖလားတစ္ၾကိမ္ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ၁၉၅၀ခုႏွစ္မွာေတာ့ သူဟာ အသင္းတာ၀န္ရွိသူေတြနဲ႔ ကေတာက္ကဆျဖစ္ၿပီးေတာ့ ယူႏိုက္တက္ကိုေက်ာခိုင္းခဲ့ၿပီးေတာင္အေမရိကကလပ္တစ္သင္းျဖစ္တဲ့ ဘိုဂိုတာကလပ္အသင္းကို စတာလင္ေပါင္ တစ္ေသာင္းနဲ႔ေျပာင္းခဲ့ပါတယ္။အဲ့ဒီအခ်ိန္ကာလတုန္းက ပထမတန္းစားေဘာလံုးသမားတစ္ေယာက္ရဲ႔ေျပာင္းေရႊ႔ေၾကးကေပါင္စတာလင္ ၆ေထာင္ေလာက္ပဲရွိတဲ့အတြက္ ယူႏိုက္တက္ဟာ မစ္တန္အတြက္ျမိဳးျမိဳးျမတ္ျမတ္ရလိုက္တယ္လို႔ဆိုရမွာပါ။ အဲ့ဒီတုန္းက ကိုလံဘီယာဟာ ဖီဖာအဖြဲ႔၀င္ႏုိင္ငံမျဖစ္ေသးပါဘူး။ မစ္တန္ဟာ ဘိုဂိုတာ မွာ တစ္ႏွစ္ၾကာကစားခဲ့ၿပီး ၂၄ပြဲမွာ ၈ဂိုးသြင္းယူႏိုင္‌ခဲ့ပါတယ္။ အဲ့ဒီႏွစ္အၿပီးမွာ သူဟာ ဘိုဂိုတာကထြက္ခြာလာခဲ့ၿပီး အဂၤလန္ကိုျပန္လာခဲ့ပါတယ္။

ကိုလံဘီယာလည္း မစ္တန္ထြက္ခြာသြားၿပီးတဲ့ေနာက္မွာ ဖီဖာအဖြဲ႔၀င္ႏိုင္ငံျဖစ္လာပါတယ္။

အဂၤလန္ကိုျပည္ေတာ္ျပန္လာတဲ့ မစ္တန္ကို စပိန္နာမည္ႀကီးကလပ္ ရီးရဲမက္ဒရစ္ရဲ႕မန္ေနဂ်ာျဖစ္တဲ့ ဆန္တီယာဂိုဘာေနဗ်ဴးက ေခၚယူဖို႔ႀကိဳးစားခဲ့ပါတယ္။ဒါေပမယ့္သူဟာ ျငင္းပယ္ခဲ့ပါတယ္။မစ္တန္ဟာ၁၉၅၁ခုႏွစ္မွာဖူလ္ဟမ္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ သူ႔အသက္က အဲ့ဒီအခ်ိန္မွာ ၃၁ႏွစ္ရွိေနပါၿပီ။ မစ္တန္ဟာ ဖူလ္ဟမ္အသင္းမွာ ပထမရာသီအတြင္းမွာပဲ ၁၆ပြဲကစားခဲ့ၿပီး၆ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ဖူလ္ဟမ္အသင္း ဟာရာသီအကုန္မွာဒုတိယတန္းကိုဆင္းခဲ့ ရပါတယ္။ ဒုတိယရာသီမွာေတာ့ ပြဲ ၄၀ ကစာခဲ့ၿပီး ၆ဂိုးသြင္းယူေပးႏိုင္ခဲ့သလို အဲ့ဒီကာလက လန္ဒန္ၿမိဳ႔ခံကလပ္ေတြခ်ည္းစုျပိဳင္တဲ့Inter-CitiesFairsCupရဲ႕လန္ဒန္အေကာင္းဆံုး၁၁ ေယာက္အသင္းမွာပါ၀င္ခဲ့ပါတယ္။

၀မ္းနည္းစရာတစ္ခုက သူ႔ေခတ္သူအခါက ေျခစြမ္းထက္ျမက္တယ္လို႔ဆိုရမယ့္ ခ်ာလီမစ္တန္ဟာသူ႔ေဘာလံုးသမားဘ၀တစ္ေလွ်ာက္မွာ အဂၤလန္လက္ေရြးစင္အတြက္ကစားခြင့္မရရွိခဲ့ပါဘူး။ ဒါကလည္းအဂၤလန္ႏိုင္ငံျပည္ပႏုိင္ငံျဖစ္တဲ့ ဘားမား(ျမန္မာ) မွာ ေမြးဖြားခဲ့တဲ့ တစ္စိတ္တစ္ေဒသေၾကာင့့္လည္းျဖစ္ပါတယ္။ အဂၤလိပ္ေဘာလံုးတာ၀န္ရွိသူေတြအျမင္မွာ သူဟာ ၿဗိတိသွ်ကိုလိုနီႏိုင္ငံျဖစ္တဲ့ ဘားမား(ျမန္မာ)ႏိုင္ငံမွာေမြးတဲ့အတြက္အဂၤလန္ႏုိင္ငံသားမျဖစ္ထိုက္ဘူးလို႔ယူဆပံုရပါတယ္။ ဒါေပမယ့္ မစ္တန္ဟာ သူ႔ရဲ႕ရွားရွားပါးပါး အဂၤလန္ကိုယ္စားျပဳျပိဳင္ပြဲအျဖစ္ ၁၉၄၆ခုႏွစ္မွာ စေကာ့တလန္အသင္းနဲ႔ ခ်စ္ၿကည္ေရးကစားတဲ့ အဂၤလန္အသင္းမွာပါ၀င္ခြင့္တစ္ၾကိမ္ပဲရခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲ့ဒါကတရား၀င္မဟုတ္တဲ့အတြက္အဂၤလန္လက္ေရြးစင္အျဖစ္တစ္ခါမွေရြးခ်ယ္ခံရဖူးျခင္းမရွိခဲ့ဖူးဆိုတဲ့မွတ္တမ္းပဲပိုင္ဆိုင္ခဲ့ရပါတယ္။ မစ္တန္ဟာ ဖူလ္ဟမ္အသင္းကေနတဆင့္၁၉၅၆ကေန၅၈ခုႏွစ္အထိ မန္းဖီးလ္ေတာင္းအသင္းကို ကစားသမား-နည္းျပအျဖစ္နဲ႔ေျပာင္းေရႊ႕ကစားခဲ့ပါတယ္။ ၁၉၅၇-၅၈ေဘာလံုးရာသီမွာ ခ်ာလီမစ္တန္ဟာ လိဂ္ဂိုး တစ္ရာျပည့္ခဲ့ပါတယ္။

အဲ့ဒီေနာက္ ၁၉၅၈ခုႏွစ္ ဇြန္လမွာ မန္းဖီးလ္ေတာင္းအသင္းကိုစြန္႔ခြာခဲ့ၿပီးနယူးကာဆယ္ယူႏိုက္တက္ကို ကစားသမား-နည္းျပအျဖစ္ ေျပာင္းေရႊ႔ခဲ့ပါတယ္။အဲ့ဒီေနာက္ပိုင္း၁၉၆၁ခုႏွစ္မွာမစ္တန္ဟာ ေဘာလံုးေလာက ကေန ထာ၀ရအနားယူခဲ့ပါတယ္။ ယူႏိုက္တက္မွာ ပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္ ေလးရာသီကစားခဲ့ၿပီးပရိတ္သတ္အခ်စ္ေတာ္ျဖစ္ခဲ့တဲ့ ရန္ကုန္သားခ်ာလီမစ္တန္ဟာ အသက္ ၈၁ႏွစ္အရြယ္ ၂၀၀၂ခုႏွစ္ ဇန္န၀ါရီ ၂ ရက္ေန႔ မွာ ေသဆံုးခဲ့ပါတယ္။ သူဟာ သားႏွစ္ေယာက္နဲ႔ သမီးတစ္ေယာက္ထြန္းကားခဲ့ပါတယ္။

KoNyanGyi

==================================

မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ ရန်ကုန်သားတစ်‌‌ယောက်‌

ယနေ့ကမ္ဘာပေါ်မှာအကျော်ကြားဆုံးဘောလုံးကလပ်တစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရန်ကုန်သားတစ်ယောက်က ကစားခဲ့ဖူးပြီးဂိုးတွေသွင်းခဲ့ဖူးတယ်ဆိုရင် သင်အံ့သြသွားမလား။ မအံ့သြပါနဲ့ ယူနိုက်တက်မှာ ရန်ကုန်သားတစ်ယောက်က ၁၉၃၆ခုနှစ်ကနေ ၁၉၅၀ခုနှစ်အထိ ကစားခဲ့ဖူးပါတယ်။ သူ့နာမည်က ချာလီမစ်တန်လို့ခေါ်ပါတယ်။

ချာလီမစ်တန်ကို ဗြိတိသျှဘားမား ရန်ဂွန်းမြို့လို့ခေါ်တဲ့ ယခု မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၁၉၂၁ ခုနှစ် ဇန်နဝါရီ ၁၇ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုးမိဘနှစ်ပါးကမွေးဖွားခဲ့တဲ့ အင်္ဂလိပ်လူမျိုး စစ်စစ်တစ်ယောက်ဖြစ်ပေမယ့် သူဟာအင်္ဂလန်ကိုပြန်တဲ့အထိ မြန်မာနိုင်ငံသားအဖြစ်ရှိနေဆဲပါ။

နောက်ပိုင်းမှာမှအင်္ဂလန်နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံခဲ့ရပါတယ်။ (အဲ့ဒီခေတ်ကာလကအင်္ဂလန်နိုင်ငံပြင်ပမှာမွေးတဲ့ကလေးမှန်သမျှကအင်္ဂလန်နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရဖို့အတွက်တင်းကြပ်တဲ့စည်းမျဉ်းတွေရှိနေတာပါ)ဒါကြောင့် မြန်မာနိုင်ငံမှာလာရောက်အမှုထမ်းတဲ့အမျိုးသားတွေနဲ့အတူပါလာတဲ့ အင်္ဂလိပ်အမျိုးသမီး ကိုယ်ဝန်ဆောင်တွေက မီးဖွားခါနီးဆိုရင်အင်္ဂလန်မှာပြန်ပြီးမွေးကြရပါတယ်။ နောက်ပိုင်း (ဘားမား) မြန်မာ ကနေ အင်္ဂလန်နိုင်ငံကိုပြန်ရတဲ့ခရီးစရိတ်နဲ့အချိန်ကြန့်ကြာမှုတွေရှိတဲ့အပြင်လမ်းခရီးမှာကိုယ်ဝန်ဆောင်တွေအတွက်အန္တရာယ်များတဲ့အတွက် အဲ့ဒီခေတ်ကာလအခေါ် မေမြို့ (ယခုပြင်ဦးလွင်)မှာ အင်္ဂလိပ်အစိုးရက အင်္ဂလိပ်လူမျိုးကိုယ်ဝန်ဆောင်တွေမီးဖွားဖို့အတွက်ဆေးရုံတစ်ရုံဆောက်ပေးခဲ့ပါတယ်။အဲ့ဒီဆေးရုံမှာ မွေးဖွားတဲ့ကလေးမှန်သမျှ ကို အင်္ဂလန်နိုင်ငံအတွင်းမှာ မွေးတဲ့ကလေးလို့အသိ အမှတ်ပြုပါတယ်။)

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တဲ့ ချာလီမစ်တန်ဟာ သူ့အသက် ၁၀နှစ်လောက်မှာ အင်္ဂလန်ကိုပြန်ရောက်ပါတယ်။ သူ့အသက်၁၆နှစ်လောက်ဖြစ်တဲ့ ၁၉၃၆ခုနှစ်မှာ နာမည်ကျော်မန်ချက်စတာယူနိုက်တက် လူငယ်အသင်းမှာ ဘောလုံးကစားဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့်တကယ်တမ်းသူ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝပထမဦးဆုံးပွဲကတော့ ၁၉၄၆ခုနှစ်အထိဖြစ်မလာသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေတဲ့အတွက်ဘောလုံးပြိုင်ပွဲတွေကိုရပ်နားထားလို့ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မစ်တန်ဟာ ဗြိတိန်တော်ဝင်လေတပ်မှာဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာမန်ယူနိုက်တက်အသင်းကိုချာလီမစ် တန်ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းကြီးမှာ သူဟာတောင်ပံကစားသမားအဖြစ်ကစားခဲ့ပြီး ပြိုင်ဘက်အသင်းတွေကိုလျှင်လျှင်မြန်မြန်နဲ့ထိုးဖောက်ကစားနိုင်သလို ဂိုးသွင်းရာမှာလည်းထူးချွန်ပြောင်မြောက်တယ်လို့ဆိုပါတယ်။

အဲ့ဒီကာလတုန်းက ချာလီမစ်တန်ဟာ ဂျင်မီဒီလန်နေး၊ စတန်ပီးယားဆင်၊ ဂျက်ရိုလေးနဲ့ ဂျွန်နီမောရစ် တို့နဲ့အတူ အိုးထရက်ဒ်ဖို့ရဲ့နာမည်ကျော်ငါးယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက်အသင်းအတွက် စုစုပေါင်း ၁၆၂ပွဲကစားခဲ့ပြီး ၆၁ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

သူ့ကို ယူနိုက်တက်ပရိတ်သတ်တွေက ချစ်စနိုးနဲ့ Cheeky Charlie ဆိုပြီး နာမည်ပြောင်ပေးခဲ့ပါတယ်။ သူတင်ရှိခဲ့ ပင်နယ်တီစံချိန် ၁၆ဂိုးကို ၁၉၉၀ ခုနှစ်တွေအထိ ဘယ်ကစားသမားမှ မချိုးဖျက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်အဲရစ်ကန်တိုနာက ၁၉၉၀ခုနှစ်နောက်ပိုင်းနှစ်တွေမှာ ပင်နယ်တီသွင်းဂိုး ၁၇ဂိုးနဲ့ရိုက်ချိုးခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာကစားခဲ့တဲ့လေးရာသီအတွင်း မစ်တန်ဟာ ယူနိုက်တက်ကို အင်္ဂလိပ်အဆင့်မြင့်တန်း ဒုတိယ သုံးကြိမ်နဲ့ စတုတ္ထတစ်ကြိမ်၊ ၁၉၄၈ခုနှစ်မှာ FA ဖလားတစ်ကြိမ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၁၉၅၀ခုနှစ်မှာတော့ သူဟာ အသင်းတာဝန်ရှိသူတွေနဲ့ ကတောက်ကဆဖြစ်ပြီးတော့ ယူနိုက်တက်ကိုကျောခိုင်းခဲ့ပြီးတောင်အမေရိကကလပ်တစ်သင်းဖြစ်တဲ့ ဘိုဂိုတာကလပ်အသင်းကို စတာလင်ပေါင် တစ်သောင်းနဲ့ပြောင်းခဲ့ပါတယ်။အဲ့ဒီအချိန်ကာလတုန်းက ပထမတန်းစားဘောလုံးသမားတစ်ယောက်ရဲ့ပြောင်းရွှေ့ကြေးကပေါင်စတာလင် ၆ထောင်လောက်ပဲရှိတဲ့အတွက် ယူနိုက်တက်ဟာ မစ်တန်အတွက်မြိုးမြိုးမြတ်မြတ်ရလိုက်တယ်လို့ဆိုရမှာပါ။ အဲ့ဒီတုန်းက ကိုလံဘီယာဟာ ဖီဖာအဖွဲ့ဝင်နိုင်ငံမဖြစ်သေးပါဘူး။ မစ်တန်ဟာ ဘိုဂိုတာ မှာ တစ်နှစ်ကြာကစားခဲ့ပြီး ၂၄ပွဲမှာ ၈ဂိုးသွင်းယူနိုင်‌ခဲ့ပါတယ်။ အဲ့ဒီနှစ်အပြီးမှာ သူဟာ ဘိုဂိုတာကထွက်ခွာလာခဲ့ပြီး အင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။

ကိုလံဘီယာလည်း မစ်တန်ထွက်ခွာသွားပြီးတဲ့နောက်မှာ ဖီဖာအဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ်။
အင်္ဂလန်ကိုပြည်တော်ပြန်လာတဲ့ မစ်တန်ကို စပိန်နာမည်ကြီးကလပ် ရီးရဲမက်ဒရစ်ရဲ့မန်နေဂျာဖြစ်တဲ့ ဆန်တီယာဂိုဘာနေဗျူးက ခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့်သူဟာ ငြင်းပယ်ခဲ့ပါတယ်။မစ်တန်ဟာ၁၉၅၁ခုနှစ်မှာဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့အသက်က အဲ့ဒီအချိန်မှာ ၃၁နှစ်ရှိနေပါပြီ။ မစ်တန်ဟာ ဖူလ်ဟမ်အသင်းမှာ ပထမရာသီအတွင်းမှာပဲ ၁၆ပွဲကစားခဲ့ပြီး၆ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့်ဖူလ်ဟမ်အသင်း ဟာရာသီအကုန်မှာဒုတိယတန်းကိုဆင်းခဲ့ ရပါတယ်။ ဒုတိယရာသီမှာတော့ ပွဲ ၄၀ ကစာခဲ့ပြီး ၆ဂိုးသွင်းယူပေးနိုင်ခဲ့သလို အဲ့ဒီကာလက လန်ဒန်မြို့ခံကလပ်တွေချည်းစုပြိုင်တဲ့Inter-CitiesFairsCupရဲ့လန်ဒန်အကောင်းဆုံး၁၁ ယောက်အသင်းမှာပါ၀င်ခဲ့ပါတယ်။

၀မ်းနည်းစရာတစ်ခုက သူ့ခေတ်သူအခါက ခြေစွမ်းထက်မြက်တယ်လို့ဆိုရမယ့် ချာလီမစ်တန်ဟာသူ့ဘောလုံးသမားဘဝတစ်လျှောက်မှာ အင်္ဂလန်လက်ရွေးစင်အတွက်ကစားခွင့်မရရှိခဲ့ပါဘူး။ ဒါကလည်းအင်္ဂလန်နိုင်ငံပြည်ပနိုင်ငံဖြစ်တဲ့ ဘားမား(မြန်မာ) မှာ မွေးဖွားခဲ့တဲ့ တစ်စိတ်တစ်ဒေသကြောင့့်လည်းဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးတာဝန်ရှိသူတွေအမြင်မှာ သူဟာ ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်တဲ့ ဘားမား(မြန်မာ)နိုင်ငံမှာမွေးတဲ့အတွက်အင်္ဂလန်နိုင်ငံသားမဖြစ်ထိုက်ဘူးလို့ယူဆပုံရပါတယ်။ ဒါပေမယ့် မစ်တန်ဟာ သူ့ရဲ့ရှားရှားပါးပါး အင်္ဂလန်ကိုယ်စားပြုပြိုင်ပွဲအဖြစ် ၁၉၄၆ခုနှစ်မှာ စကော့တလန်အသင်းနဲ့ ချစ်ကြည်ရေးကစားတဲ့ အင်္ဂလန်အသင်းမှာပါ၀င်ခွင့်တစ်ကြိမ်ပဲရခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါကတရားဝင်မဟုတ်တဲ့အတွက်အင်္ဂလန်လက်ရွေးစင်အဖြစ်တစ်ခါမှရွေးချယ်ခံရဖူးခြင်းမရှိခဲ့ဖူးဆိုတဲ့မှတ်တမ်းပဲပိုင်ဆိုင်ခဲ့ရပါတယ်။ မစ်တန်ဟာ ဖူလ်ဟမ်အသင်းကနေတဆင့်၁၉၅၆ကနေ၅၈ခုနှစ်အထိ မန်းဖီးလ်တောင်းအသင်းကို ကစားသမား-နည်းပြအဖြစ်နဲ့ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ၁၉၅၇-၅၈ဘောလုံးရာသီမှာ ချာလီမစ်တန်ဟာ လိဂ်ဂိုး တစ်ရာပြည့်ခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၅၈ခုနှစ် ဇွန်လမှာ မန်းဖီးလ်တောင်းအသင်းကိုစွန့်ခွာခဲ့ပြီးနယူးကာဆယ်ယူနိုက်တက်ကို ကစားသမား-နည်းပြအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း၁၉၆၁ခုနှစ်မှာမစ်တန်ဟာ ဘောလုံးလောက ကနေ ထာဝရအနားယူခဲ့ပါတယ်။ ယူနိုက်တက်မှာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် လေးရာသီကစားခဲ့ပြီးပရိတ်သတ်အချစ်တော်ဖြစ်ခဲ့တဲ့ ရန်ကုန်သားချာလီမစ်တန်ဟာ အသက် ၈၁နှစ်အရွယ် ၂၀၀၂ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ မှာ သေဆုံးခဲ့ပါတယ်။ သူဟာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။

KoNyanGyi