အသတ္ခံရတဲ့ အတိတ္ဘ၀ကို ျပန္ေျပာျပခဲ့တဲ့ ၃ႏွစ္အရြယ္ေကာင္ေလး

ဂ်ာမန္ စိတ္ေရာဂါကုဆရာ၀န္ Trutz Hardo ရဲ႕ “Children Who Have Lived Before Reincarnation Today” ဆိုတဲ့သူ႔စာအုပ္မွာ သူတုိ႔ရဲ႕အတိတ္ဘ၀ေတြကို မွတ္မိေနတဲ့ ကေလးေတြရဲ႕ဇာတ္လမ္းေတြကို ေျပာျပခဲ့ပါတယ္။ အေကာင့္တစ္ခုက တိက်မွန္ကန္တဲ့ အတည္ျပဳခ်က္ႏွင့္အတူ သူ႔ရဲ႕အတိတ္ဘ၀ကို ျပန္ေျပာျပတဲ့ ၃ႏွစ္အရြယ္ေကာင္ေလး တစ္ေယာက္အေၾကာင္းကို လက္ဆင့္ကမ္းခဲ့ပါတယ္။

Israel ႏွင့္ ဆီးရီးယား၏ နယ္စပ္အနီးရွိ ဂိုလန္ကုန္းျမင့္ေဒသတြင္ ေနထိုင္တဲ့ ၃ႏွစ္အရြယ္ေကာင္ေလးက ဒရူဇီတိုင္းရင္းသားမ်ိဳးႏြယ္အုပ္စုျဖစ္ပါတယ္။ လူ၀င္စားျခင္းဆိုတာ ဒရူဇီမ်ားရဲ႕ ယံုၾကည္မႈကို အေျခခံၿပီး ျဖစ္ေပၚလာတာျဖစ္ပါတယ္။

ေကာင္ေလးက စကားေျပာတတ္တဲ့အရြယ္ေရာက္တဲ့အခါ သူအတိတ္ဘ၀က အသတ္ခံခဲ့ရေၾကာင္းႏွင့္ သူ႔ေခါင္းေပၚက အနီေရာင္အမွတ္က ပုဆိန္တစ္ခုျဖင့္ ဦးေခါင္းကို ထိုးႏွက္ခံတာေၾကာင့္ ျဖစ္တယ္လို႔ သူ႔မိသားစုကုိ ေျပာခဲ့ပါတယ္။

ေကာင္ေလးသည္ သူအရင္က တစ္သက္လံုးေနထိုင္ခဲ့တဲ့ ရြာႏွင့္ သူ႔နာမည္ကို မွတ္မိခဲ့ပါတယ္။ သူကိုသတ္ခဲ့တဲ့လူကို သူျမင္တဲ့အခါ သူလူသတ္မႈကိုရင္ဆိုင္ခဲ့ရၿပီး သူ႔နာမည္အျပည့္အစံုကိုလည္း ျပန္ၿပီးသတိရႏိုင္ခဲ့ပါတယ္။

” မင္းနဲ႔ ငါ အိမ္နီးနားခ်င္းျဖစ္ခဲ့တယ္။ ငါတို႔ႏွစ္ေယာက္ တိုက္ခိုက္ခဲ့ၾကၿပီး မင္းက ပုဆိန္တစ္ခုနဲ႔ ငါ့ကိုသတ္ခဲ့တယ္လို႔” ေကာင္ေလးက လူႀကီးကိုေျပာပါတယ္။ ေကာင္ေလးရဲ႕ေတာင္းဆိုမႈမ်ားအေပၚ အတည္ျပဳဖို႔ ရည္ရြယ္ခ်က္ႏွင့္ ကိုယ္တိုင္စံုစမ္းစစ္ေဆးဖို႔အတြက္ ၃ႏွစ္အရြယ္ေကာင္ေလးနဲ႔အတူ ထင္ရွားေသာဆရာ၀န္ ေဒါက္တာ Laschသည္ လုိက္ပါသြားခဲ့ပါတယ္။ ေကာင္ေလးေျပာတဲ့အရာေတြကို ၾကားတဲ့အခါ ျဖဴေရာ္သြားတဲ့ အဲ့ဒီလူရဲ႕မ်က္ႏွာကို ထိုဆရာ၀န္ကသတိျပဳမိခဲ့ပါတယ္။

“ကၽြန္ေတာ့ ခႏၶာကိုယ္ကို သူဘယ္ေနရာမွာ ျမဳပ္ခဲ့လဲဆိုတာကို ကၽြန္ေတာ္သိတယ္လို”႔ ေကာင္ေလးက ဆက္ေျပာပါတယ္။ ေကာင္ေလးသည္ ရြာကအႀကီးအကဲမ်ားကိုု ဦးေဆာင္ၿပီး သူ႔ခႏၶာကိုယ္ကို ျမဳပ္ခဲ့တဲ့ ေနရာကို တရားခံလူသတ္သမားႏွင့္အတူ သြားခဲ့ပါတယ္။ “ဒီေက်ာက္ခဲေတြေအာက္မွာ ကၽြန္ေတာ့ခႏၶာကိုယ္ကို ျမဳပ္ခဲ့ၿပီး ဟိုေနရာမွာ ပုဆိန္ရွိတယ္လို႔” အဆိုပါ ၃ႏွစ္အရြယ္ေကာင္ေလးက ဆိုပါတယ္။ သူေျပာတာ မွန္ကန္ခဲ့ပါတယ္။ တူးေဖာ္ၾကည့္တဲ့အခါ ဦးေခါင္းမွာဒဏ္ရာတစ္ခုႏွင့္ လူအရိုးစုကို ေတြ႕ရွိခဲ့ပါတယ္။ အဆိုပါလူသတ္လက္နက္ ပုဆိန္ကိုလည္း ရွာေတြ႕ခဲ့ပါတယ္။

လူသတ္သမားသည္ တင္ျပထားတဲ့ သက္ေသအေထာက္အထား အပိုင္းအစမ်ားႏွင့္အတူ လူသတ္မႈကို ၀န္ခံခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္တစ္ခုလံုးသည္ 1960ခုႏွစ္ ဂါဇာမွာ ဖြံ႔ၿဖိဳးဆဲေဆးပညာစနစ္အတြက္ လူသိမ်ားခဲ့တဲ့ Dr.Laschက မ်က္ျမင္သက္ေသခံခဲ့ပါတယ္။ ဒီမ်က္ျမင္သက္ေသခံၿပီးေနာက္ Mr.Hardo ကို ဒီျဖစ္ရပ္မ်ားကို ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။

#TB_Nandar

Source-ntd.tv

=====================

ဂျာမန် စိတ်ရောဂါကုဆရာဝန် Trutz Hardo ရဲ့ “Children Who Have Lived Before Reincarnation Today” ဆိုတဲ့သူ့စာအုပ်မှာ သူတို့ရဲ့အတိတ်ဘဝတွေကို မှတ်မိနေတဲ့ ကလေးတွေရဲ့ဇာတ်လမ်းတွေကို ပြောပြခဲ့ပါတယ်။ အကောင့်တစ်ခုက တိကျမှန်ကန်တဲ့ အတည်ပြုချက်နှင့်အတူ သူ့ရဲ့အတိတ်ဘဝကို ပြန်ပြောပြတဲ့ ၃နှစ်အရွယ်ကောင်လေး တစ်ယောက်အကြောင်းကို လက်ဆင့်ကမ်းခဲ့ပါတယ်။

Israel နှင့် ဆီးရီးယား၏ နယ်စပ်အနီးရှိ ဂိုလန်ကုန်းမြင့်ဒေသတွင် နေထိုင်တဲ့ ၃နှစ်အရွယ်ကောင်လေးက ဒရူဇီတိုင်းရင်းသားမျိုးနွယ်အုပ်စုဖြစ်ပါတယ်။ လူဝင်စားခြင်းဆိုတာ ဒရူဇီများရဲ့ ယုံကြည်မှုကို အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ကောင်လေးက စကားပြောတတ်တဲ့အရွယ်ရောက်တဲ့အခါ သူအတိတ်ဘဝက အသတ်ခံခဲ့ရကြောင်းနှင့် သူ့ခေါင်းပေါ်က အနီရောင်အမှတ်က ပုဆိန်တစ်ခုဖြင့် ဦးခေါင်းကို ထိုးနှက်ခံတာကြောင့် ဖြစ်တယ်လို့ သူ့မိသားစုကို ပြောခဲ့ပါတယ်။

ကောင်လေးသည် သူအရင်က တစ်သက်လုံးနေထိုင်ခဲ့တဲ့ ရွာနှင့် သူ့နာမည်ကို မှတ်မိခဲ့ပါတယ်။ သူကိုသတ်ခဲ့တဲ့လူကို သူမြင်တဲ့အခါ သူလူသတ်မှုကိုရင်ဆိုင်ခဲ့ရပြီး သူ့နာမည်အပြည့်အစုံကိုလည်း ပြန်ပြီးသတိရနိုင်ခဲ့ပါတယ်။

” မင်းနဲ့ ငါ အိမ်နီးနားချင်းဖြစ်ခဲ့တယ်။ ငါတို့နှစ်ယောက် တိုက်ခိုက်ခဲ့ကြပြီး မင်းက ပုဆိန်တစ်ခုနဲ့ ငါ့ကိုသတ်ခဲ့တယ်လို့” ကောင်လေးက လူကြီးကိုပြောပါတယ်။ ကောင်လေးရဲ့တောင်းဆိုမှုများအပေါ် အတည်ပြုဖို့ ရည်ရွယ်ချက်နှင့် ကိုယ်တိုင်စုံစမ်းစစ်ဆေးဖို့အတွက် ၃နှစ်အရွယ်ကောင်လေးနဲ့အတူ ထင်ရှားသောဆရာဝန် ဒေါက်တာ Laschသည် လိုက်ပါသွားခဲ့ပါတယ်။ ကောင်လေးပြောတဲ့အရာတွေကို ကြားတဲ့အခါ ဖြူရော်သွားတဲ့ အဲ့ဒီလူရဲ့မျက်နှာကို ထိုဆရာဝန်ကသတိပြုမိခဲ့ပါတယ်။

“ကျွန်တော့ ခန္ဓာကိုယ်ကို သူဘယ်နေရာမှာ မြုပ်ခဲ့လဲဆိုတာကို ကျွန်တော်သိတယ်လို”့ ကောင်လေးက ဆက်ပြောပါတယ်။ ကောင်လေးသည် ရွာကအကြီးအကဲများကိုု ဦးဆောင်ပြီး သူ့ခန္ဓာကိုယ်ကို မြုပ်ခဲ့တဲ့ နေရာကို တရားခံလူသတ်သမားနှင့်အတူ သွားခဲ့ပါတယ်။ “ဒီကျောက်ခဲတွေအောက်မှာ ကျွန်တော့ခန္ဓာကိုယ်ကို မြုပ်ခဲ့ပြီး ဟိုနေရာမှာ ပုဆိန်ရှိတယ်လို့” အဆိုပါ ၃နှစ်အရွယ်ကောင်လေးက ဆိုပါတယ်။ သူပြောတာ မှန်ကန်ခဲ့ပါတယ်။ တူးဖော်ကြည့်တဲ့အခါ ဦးခေါင်းမှာဒဏ်ရာတစ်ခုနှင့် လူအရိုးစုကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါလူသတ်လက်နက် ပုဆိန်ကိုလည်း ရှာတွေ့ခဲ့ပါတယ်။

လူသတ်သမားသည် တင်ပြထားတဲ့ သက်သေအထောက်အထား အပိုင်းအစများနှင့်အတူ လူသတ်မှုကို ၀န်ခံခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်တစ်ခုလုံးသည် 1960ခုနှစ် ဂါဇာမှာ ဖွံ့ဖြိုးဆဲဆေးပညာစနစ်အတွက် လူသိများခဲ့တဲ့ Dr.Laschက မျက်မြင်သက်သေခံခဲ့ပါတယ်။ ဒီမျက်မြင်သက်သေခံပြီးနောက် Mr.Hardo ကို ဒီဖြစ်ရပ်များကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

#TB_Nandar

Source-ntd.tv