ထီေပါက္ရတဲ့ ထူးျခားျဖစ္စဥ္ေလးအေၾကာင္း ေျပာျပလာတဲ့ သိန္းတစ္ေသာင္း ကံထူးရွင္ အဖြား

ျမန္မာ့ထီေလာကရဲ့ အျမင့္ဆုံးဆုေၾကးေငြ က်ပ္သိန္း (၁၀၀၀၀) ဆု ကို မႏၲေလးၿမိဳ႕က အမ်ိဳးသမီး တစ္ဦး ကံထူးခဲ့ပါတယ္။

ဒီကေန႔ မတ္လ ၁ရက္ေန႔မွာ ဖြင့္လွစ္တဲ့ (၅၀၀) က်ပ္တန္ (၁၂)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲ မွာ အျမင့္ဆုံး ထီဆုႀကီး တစ္ဆုျဖစ္တဲ့ က်ပ္သိန္း ၁၀၀၀၀ ဆုႀကီးကို မႏၲေလးၿမိဳ႕ (၃၃×၃၄) နဲ႔ (၈၄×၈၅)လမ္းၾကား ေျမာက္ၾကယ္ခတ္ဝင္း မွာ ေနထိုင္တဲ့ ေဒၚယုယုဆိုသူက ဆြတ္ခူးရရွိသြားခဲ့ပါတယ္။

‘ အျမဲ လစဥ္တိုင္းထိုးတယ္ သုံးေစာင္ထိုးတယ္ ငါးေစာက္ထိုးတယ္ ဒီတစ္ခါ ငါးေစာင္ထိုးလိုက္တာ ေပါက္မယ့္အရြက္ကေလးက ပုရြက္ဆိတ္တက္ေနတာ အေမကႀကိဳက္တာ တစ္ျခားနံပါတ္ ဒါေပမယ့္ အဲ့တာေလးက ပုရြက္ဆိတ္တက္ေနတယ္ေလ ဒါေလးပဲယူလိုက္ပါမယ္ေလဆိုၿပီး ယူလိုက္တာ အဲ့တာနဲ႔ေပါက္တာပါ ‘ လို႔ ကံထူးရွင္ ေဒၚယု က MUNA ကိုေျပာပါတယ္။

ထီကံထူးသူ ေဒၚယု ဟာ မင္းကြန္းမွာ ေက်ာင္းေဆာက္လွူဒါန္းထားတာျဖစ္ၿပီး လက္ရွိ ကံထူးရရွိခဲ့တဲ့ ဆုေၾကးေငြနဲ႔ ေဆာက္လက္စ ဓမၼာ႐ုံႀကီးမွာ ေႂကြျပားခင္းတာေတြ အုတ္သမံသလင္းခင္းတာေတြ ျပဳလုပ္မွာျဖစ္ၿပီး အလွူအတန္းေတြလည္း ျပဳလုပ္သြားအုံးမွာျဖစ္တယ္လို႔ ဆက္လက္ ေျပာပါတယ္။

၅၀၀ က်ပ္တန္ထီ စနစ္စတင္ေျပာင္းလည္းဖြင့္လွစ္ေပးၿပီးေနာက္ပိုင္း သိန္း(၁၀၀၀၀)ထီဆုႀကီးကို ယခု (၁၂)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲမွာ မႏၲေလးၿမိဳ႕က ပထမဦးဆုံး ဆြတ္ခူး ရရွိသြားတာ ျဖစ္ပါတယ္။

By – မင္းသန႔္

MUNA

====================

မြန်မာ့ထီလောကရဲ့ အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း (၁၀၀၀၀) ဆု ကို မန္တလေးမြို့က အမျိုးသမီး တစ်ဦး ကံထူးခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၁ရက်နေ့မှာ ဖွင့်လှစ်တဲ့ (၅၀၀) ကျပ်တန် (၁၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ မှာ အမြင့်ဆုံး ထီဆုကြီး တစ်ဆုဖြစ်တဲ့ ကျပ်သိန်း ၁၀၀၀၀ ဆုကြီးကို မန္တလေးမြို့ (၃၃×၃၄) နဲ့ (၈၄×၈၅)လမ်းကြား မြောက်ကြယ်ခတ်ဝင်း မှာ နေထိုင်တဲ့ ဒေါ်ယုယုဆိုသူက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

‘ အမြဲ လစဉ်တိုင်းထိုးတယ် သုံးစောင်ထိုးတယ် ငါးစောက်ထိုးတယ် ဒီတစ်ခါ ငါးစောင်ထိုးလိုက်တာ ပေါက်မယ့်အရွက်ကလေးက ပုရွက်ဆိတ်တက်နေတာ အမေကကြိုက်တာ တစ်ခြားနံပါတ် ဒါပေမယ့် အဲ့တာလေးက ပုရွက်ဆိတ်တက်နေတယ်လေ ဒါလေးပဲယူလိုက်ပါမယ်လေဆိုပြီး ယူလိုက်တာ အဲ့တာနဲ့ပေါက်တာပါ ‘ လို့ ကံထူးရှင် ဒေါ်ယု က MUNA ကိုပြောပါတယ်။

ထီကံထူးသူ ဒေါ်ယု ဟာ မင်းကွန်းမှာ ကျောင်းဆောက်လှူဒါန်းထားတာဖြစ်ပြီး လက်ရှိ ကံထူးရရှိခဲ့တဲ့ ဆုကြေးငွေနဲ့ ဆောက်လက်စ ဓမ္မာရုံကြီးမှာ ကြွေပြားခင်းတာတွေ အုတ်သမံသလင်းခင်းတာတွေ ပြုလုပ်မှာဖြစ်ပြီး အလှူအတန်းတွေလည်း ပြုလုပ်သွားအုံးမှာဖြစ်တယ်လို့ ဆက်လက် ပြောပါတယ်။

၅၀၀ ကျပ်တန်ထီ စနစ်စတင်ပြောင်းလည်းဖွင့်လှစ်ပေးပြီးနောက်ပိုင်း သိန်း(၁၀၀၀၀)ထီဆုကြီးကို ယခု (၁၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ မန္တလေးမြို့က ပထမဦးဆုံး ဆွတ်ခူး ရရှိသွားတာ ဖြစ်ပါတယ်။

By – မင်းသန့်

MUNA