ကြည့်ရှုသူပရိသတ် သိန်းကျော်ရှိနေပီဖြစ်တဲ့ နေတိုးနဲ့ ငုယင်တို့ရဲ့ အနမ်းလေးတွေနဲ့ တိမ်တိုက်တံတား ဇာတ်ဝင်ခန်း.. (ရုပ်သံ) ဇွန်းဖိုင်းတယ်နော်

ကြည့်ရှုသူပရိသတ် သိန်းကျော်ရှိနေပီဖြစ်တဲ့ နေတိုးနဲ့ ငုယင်တို့ရဲ့ အနမ်းလေးတွေနဲ့ တိမ်တိုက်တံတား ဇာတ်ဝင်ခန်း.. (ရုပ်သံ) ဇွန်းဖိုင်းတယ်နော်

By LuckyMyanmar – March 3, 20180118

အနုပညာရှင် လောကမှာ နာမည်ကြီး ထိပ်တန်းမင်းသား တစ်ယောက် ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသားတွေထဲမှာ အကယ်ဒမီ နေတိုးလည်း ပါဝင်ပါတယ်။

နေတိုးဟာ ပြည်တွင်း အနုပညာရှင်တွေနဲ့ သာမက ပြည်ပ နာမည်ကြီး အနုပညာရှင်တွေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလျက် ရှိနေပြီး ဗီယက်နမ် နာမည်ကြီး မင်းသမီး ငုယင်နဲ့လည်း ဇာတ်ကားတစ်ကား ရိုက်ကူးထားပါတယ်။

ဇာတ်ကားရဲ့ အမည်ကတော့ ” တိမ်တိုက်တံတား ” လို့ အမည်ရပြီး ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကတော့ ပရိသတ်တွေအကြား ရေပန်းစား နေပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး ထွန်းထွန်း ခင်ဝင့်ဝါနဲ့အတူ ငုယင်ထရန်ဟူရန်မေ တို့က အတူတူ ပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ နေတိုးနဲ့ ငုယင်တို့ရဲ့ ဇာတ်ဝင်ခန်းတွေကတော့ အရမ်းရိုပြီး သက်ဝင် လှုပ်ရှားမှု အပြည့်အဝ ရှိတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုထားကြပါတယ်။

ယခု လက်ရှိမှာတော့ ဒီ ဗီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုသူ သိန်းကျော် ရှိနေပြီး ဇာတ်ဝင်တေးဟာလည်း ပရိသတ်တွေ အကြိုက်နဲ့ထပ်တူ ကျလို့နေတာ တွေ့ရပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ နေတိုးကတော့ နာမည်ကြီး အိန္ဒိယမော်ဒယ်လ် တစ်ဦးနဲ့အတူ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ကူးလျက် ရှိနေပြီး ပရိသတ်တွေကတော့ စိတ်ဝင်စားလျက် ရှိကြပါတယ်။

Photo credit Nay Toe / Nguyen